Category: Entertainment

သားရဲကြီးနဲ့ လှယမင်း (Beauty and The Beast) ပုံပြင်ရဲ့နောက်ကွယ်က စိတ်ထိခိုက်ဖွယ် ဖြစ်ရပ်မှန်

နတ်သမီးတစ်ပါးက ကျိန်စာတိုက်လို့ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲကြီးအဖြစ် ပြောင်းလဲသွားခဲ့ရတဲ့ မင်းသားလေးဟာ တစ်စုံတစ်ယောက်ရဲ့ အချစ်စစ် အချစ်မှန်ကိုရမှ လူအဖြစ်ပြန်ပြောင်းလို့ရမယ်ဆိုတဲ့

Category: Entertainment

မောင်ချောနွယ်ရဲ့ ကဗျာပေါင်းချုပ်စာအုပ်နဲ့ နွမ်းလျအိမ်ပြန်

ဆရာမကြည်အေးရဲ့ ‘‘နွမ်းလျအိမ်ပြန်’’ စာအုပ်လေးကို ဝယ်ထားတာ သေချာပါတယ်။ မှတ်မှတ်ရရ သတင်းစာမှာ ဆရာမကြီးကွယ်လွန်ကြောင်းကို ဖတ်လိုက်ရတဲ့နေ့က ဝယ်ထားတာပါ။ အခု စာအုပ်စင်မှာ ပြန်ရှာတော့ မတွေ့တော့ ပြန်ဘူး။ စာအုပ်ကပဲ ပါးလို့ ရှာမတွေ့တာလား

Category: Entertainment

ကီနူးရိ(ဗ်စ်) ပါဝင်သရုပ်ဆောင်ထားတဲ့ John Wick 3: Parabellum ရိုက်ကွင်းက ပုံရိပ်တွေ ထွက်ပေါ်လာ

John Wick စီးရီးက တတိယမြောက်ဇာတ်ကားဖြစ်တဲ့ John Wick 3: Parabellum မှာ ကီနူးရိ(ဗ်စ်) ရဲ့နယူးယောက်မြို့တွင်း မြင်းစီးပြီး ရန်သူတွေကို တိုက်ခိုက်နေတဲ့ ပုံရိပ်တွေက

Category: Entertainment

ဖျော်ဖြေရေးခရီးစဉ်မှာ စပိုက်စ် ဂဲလ်စ် (Spice Girls) အဖွဲ့နဲ့ ပြန်လည်ပေါင်းစည်းဖို့ငြင်းဆန်လိုက်တဲ့ ဗစ်တိုးရီးယား ဘက်ခမ်း

စပိုက်စ် ဂဲလ်စ် (Spice Girls) အဖွဲ့အနေနဲ့ ပြန်လည်ပေါင်းစည်းဖို့ အတည်ပြု ကြေညာခဲ့ပေမဲ့ ဗစ်တိုးရီးယားဘက်ခမ်း တစ်ယောက်ကတော့ ငြင်းဆန်ခဲ့ပါတယ်။ ၂၀၁၉ မှာပြုလုပ်မယ့်

Category: Entertainment

အပတ်စဉ် စာအုပ်အညွှန်းကဏ္ဍ (ကျေးတောနေတို့ရဲ့ နှလုံးသားကို သိဖို့-ခင်ခင်ထူး)

‘‘ဗမာစစ်စစ်ကို တွေ့ချင်ရင် အညာကျေးလက်တောရွာတွေကို သွားကြည့်’’ဆိုတဲ့ စကားရှိပါတယ်။ ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်လို့ ဆိုလိုက်ရင်

Category: Entertainment

ကြားယောင်နေဆဲ ကြိုးကြာသံ (သို့) ခင်မောင်တိုး

"မင်းရဲ့ မျက်လုံးလေးများက ပုလဲနဲ့မဟူရာ ပေါင်းစပ်ထားသလိုနှယ် "ဆိုတဲ့ သီချင်းလေးကို အားလုံးကြားဖူးကြမှာပါ။ ဒီသီချင်းလေးရဲ့ ပိုင်ရှင်ကတော့

Category: Entertainment

ဆောင်းဦးလှိုင် ပြောပြတဲ့ မူးယစ်ဆေးနဲ့ အနုပညာ

တေးရေး၊ တေးဆို ဆောင်းဦးလှိုင် ဆိုတာ ဂီတသံစဉ်ကောင်းတွေကို ထုဆစ်ပေးနေတဲ့ လက်တစ်စုံ ပိုင်ရှင်ပါ။ သူ့ရဲ့ ဂီတတွေ ရှင်သန်နိုင်ဖို့ မည်သည့်စပွန်ဆာ၊ မည်သည့်ငွေကြေးမှ မလိုဘဲ ပရိသတ် ပြည်သူတွေနဲ့ မိတ်ဆွေကောင်းတွေရဲ့ အားပေးရပ်တည်မှုသာ လိုတယ်လို့ ဆိုထားတဲ့

Category: Entertainment

အပတ်စဉ် စာအုပ်အညွှန်းကဏ္ဍ

မင်္ဂလာပါ။ အပတ်စဉ် တင်ဆက်ပေးနေကျ စာအုပ်အညွှန်းကဏ္ဍကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်မှာတော့ ခပ်ပေါ့ပေါ့ပါးပါး စာအုပ်လေး နှစ်အုပ်လောက် ဖတ်ကြည့်ရအောင်နော့်..

Category: Entertainment

မှတ်မှတ်သားသား Cameo များ

Cameo!! ကြားဖူးကြမှာပါ။ မြန်မာလိုတော့ ဧည့်သည်သရုပ်ဆောင်ခေါ်မလား ဘာလားပါပဲ… ဟောလိဝုဒ်ရုပ်ရှင်တချို့မှာ တကယ့်ကမ္ဘာကျော်တွေက အဓိက သရုပ်ဆောင်မဟုတ်ဘဲ မျက်နှာပြောင်ရုံ အင်း အဲဒီလိုပြောလို့တော့ မရပြန်ဘူး… ခဏတာ တစ်ခန်းလောက် ဖြတ်လျှောက်နေရာက ပါလာတာမျိုးပေါ့…

Category: Entertainment

ကော်ဖီဆိုင်ထဲမှာ အတူတွဲပြီး တွေ့လိုက်ရတဲ့ လီဂျောင်ဆွတ်ခ်နဲ့ ကင်ဝူဘင်

၂၀၁၇ခုနှစ်၊ မေလကတည်းက လည်ချောင်းကင်ဆာ ဝေဒနာကြောင့် ဆေးရုံတက်ပြီး ကင်ဆာကုထုံး ခံယူနေရတဲ့ မင်းသား ကင်ဝူဘင်သတင်းကို ပရိသတ်တွေ မကြားရတာ အတော်ကြာနေပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ “ဝူဘင်ပရိသတ်များဆုံစည်းရာ” ဆီ စာတစ်စောင်ရေးပြီး ပို့ပေးခဲ့ချိန်က

Category: Entertainment

အပတ်စဉ် စာအုပ်အညွှန်းကဏ္ဍ

မင်္ဂလာပါ။ အပတ်စဉ်တင်ဆက်ပေးနေကျ စာအုပ်အညွှန်းကဏ္ဍကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ကျွန်တော်တို့ အရင်ရက်သတ္တပတ်တွေတုန်းက ဘာသာပြန်စာအုပ်တွေကို ညွှန်းဆိုခဲ့ပေးပြီးပါပြီ။ ဒီတစ်ပတ်မှာတော့ ရသစာပေဘက်ကို

Category: Entertainment

ကိုင်လီဂျန်နာ (Kylie Jenner) အတွက် တန်ဖိုးကြီး မွေးနေ့လက်ဆောင်ပေးလိုက်တဲ့ ထရေးဗစ်စကော့တ် (Travis Scott)

ကိုင်လီဂျန်နာကတော့ ၂၁ နှစ်ပြည့် မွေးနေ့မှာ ခင်ပွန်းသည် ထရေးဗစ်စကော့တ် ဆီက တန်ဖိုးကြီး မွေးနေ့လက်ဆောင်တစ်ခုကို ရခဲ့ပါတယ်။ လော့အိန်ဂျလိစ် ၊ ဒေလီလာ စားသောက်ဆိုင်မှာ မိသားစု သူငယ်ချင်းတွေနဲ့ ပါတီပွဲဆင်နွှဲပြီး အရက်အမူးလွန်နေတဲ့ ကိုင်လီကို မနက်ခင်းနိုးလာချိန်မှာ အိမ်အပြင်ထွက်တာနဲ့ နှင်းဆီပွင့်တွေ အလှဆင်ထားတဲ့ လျှောက်လမ်းတစ်ခု ဖန်တီးပေးထားသူက ထရေးဗစ်စကော့တ် ပါ။

အိမ်ရှေ့တံခါးကနေ ထွက်ပြီး လမ်းလျှောက်လိုက်တယ် ဆိုရင်ပဲ နှင်းဆီပွင့်တွေ လှလှပပ ဆင်ထားတဲ့ မြင်ကွင်းကိုမြင်လိုက်ရချိန်မှာ အပျော်လွန်နေတဲ့ ကိုင်လီက ဗီဒီယိုရိုက်တင်ပြီး “စိတ်ကူးယဉ်ဆန်ဆန် နိုးထလာခွင့်ရခဲ့လို့ ကျေးဇူးတင်ပါတယ်ဘေဘီရယ်” ဆိုပြီး ရေးသားခဲ့ပါတယ်။

ခင်ပွန်းသည်ဆီက လက်ဆောင်ရတဲ့ ၁၉၁၉ နဲ့ ၁၉၃၀ ကြားထုတ်တဲ့ အဖြူရောင် Rolls Royce ကားအသစ် လက်ဆောင်ရတယ် ဆိုတာကိုလည်း ကိုင်လီက ဓာတ်ပုံရိုက်တင်ပြီး ကြွားခဲ့ပါသေးတယ်။ ကလေးမီးဖွားပြီး အထိမ်းအမှတ်အနေနဲ့ ကားအလှတစ်စီး ဝယ်ပေးပြီးတဲ့နောက် ဒီကားကတော့ ဒုတိယမြောက်အနေနဲ့ ထရေးဗစ်က ချစ်ဇနီးအတွက် မနှမြောဘဲ သုံးဖြုန်းထားတဲ့ တန်ဖိုးကြီးကား ဖြစ်ပါတယ်။

ကိုင်လီတို့အိမ်အကြီးကြီးထဲမှာ သူငယ်ချင်း မိသားစုတွေနဲ့ ကုန်အမှတ်တံဆိပ် ပိုင်ရှင်တွေဆီက ရတဲ့ မွေးနေ့လက်ဆောင် ပစ္စည်းတွေက အပြည့်ပါပဲ။ ဒီလိုမျိုး တန်ဖိုးကြီး လက်ဆောင်တွေ အများကြီးရှိနေပေမဲ့ ကိုင်လီက သူ့ရဲ့သမီးလေး စတွန်မီနဲ့ ဓာတ်ပုံ နှစ်ပုံတွဲတင်ပြီး သမီးလေးက သူ့အသဲနှလုံး ဖြစ်သလို အကောင်းဆုံး လက်ဆောင်လည်း ဖြစ်တယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ကိုင်လီက ကင်မရာကို ပျော်ပျော်ကြီးကြည့်ပြီး ကခုန်နေတဲ့ သမီးလေးနဲ့ ထရေးဗစ်တို့ ရဲ့ နွေးထွေးတဲ့ သားအဖ ဆက်ဆံရေးကို ဗီဒီယိုရိုက်ပြီး တင်ခဲ့ပါသေးတယ်။

ချစ်သူအတွက် မွေးနေ့စကားအနေနဲ့ ထရေးဗစ်ပြောကြားခဲ့တာက “ ပျော်ရွှင်စရာ မွေးနေ့ပါ မိန်းမရေ။ မင်းကကိုယ့်ရဲ့ ဖြစ်တည်မှုပါပဲ။ မင်းကို ဘုရားသခင် သာ၍ ကောင်းချီပေးပါစေ။ ပိုပြီးကောင်းမွန်တဲ့ အရာတွေအတွက် ဘဝခရီး အစ ဖြစ်ပါစေ” ဆိုပြီး ရေးသားခဲ့ပါတယ်။ ကိုင်လီဂျန်နာရဲ့မွေးနေ့ ညစာစားပွဲကိုတော့ မိသားစုဝင်တွေနဲ့ ကျင်းပခဲ့တာဖြစ်ပြီး ညီအစ်မတွေဖြစ်တဲ့ ကင် (Kim) ၊ ကိုးလ် (Khole) ၊ ကော့တ်နေး (Kourtney) ၊ ကန်ဒဲလ် (Kendall) တို့နဲ့အတူ အမေ နှစ်ယောက်လည်း တက်ရောက်ခဲ့ပါတယ်။

Ref:mirror.co.uk "Travis Scott got Kylie Jenner the best present for her 21st birthday"

Alice May (ရိုးရာလေး)

Subcategories