Facebook မှာ Grateful Reaction အသစ်ထပ်တိုးပြီ

နာမည်ကြီး လူမှုကွန်ရက်ဖြစ်တဲ့ Facebook မှာ ကိုယ့်ခံစားချက်အလိုက် ရွေးချယ်နိုင်တဲ့ Reaction တွေရှိပါတယ်။

Like၊ Love ၊ Wow၊ Ha Ha၊ Sad၊ Angry သာမက  ဒီနေ့မှာ ဆိုရင် ပန်းပွင့်သင်္ကေတနဲ့ Grateful ဆိုတဲ့ Reaction ကို စအသုံးပြုလို့ရမှာပါ။

Grateful ရဲ့ အဓိပ္ပာယ်က ကျေးဇူးတင်ကြောင်းကို ဖော်ပြတာပါ။

ပြီးခဲ့တဲ့နှစ်တုန်း အမေရိကန်ပြည်ထောင်စုက သတ်မှတ်ထားတဲ့ အမေများနေ့ မေလ (၁၄)ရက်နေ့ မတိုင်ခင်ကလည်း ယခုလိုပဲ Grateful Reaction ကို အသုံးပြုခွင့်ပေးထားသေးပါတယ်။

ဒီနှစ်အတွက် Reaction သုံးခွင့်ရတာနဲ့ ပတ်သတ်ပြီးတော့ Facebook က ထုတ်ပြန်ကြေညာထားတာ မရှိသေးပါဘူး။

အရင်တစ်ပတ်တုန်းကလည်း မှတ်ချက်(comment) တွေမှာ Reaction အစုံနဲ့ အသုံးပြုခွင့်ကိုပေးခဲ့ပါသေးတယ်။