YOYARLAY

မန်ယူဗန်ပါစီအား ခေါ်ယူရန် သဘော တူညီမှု ရရှိခဲ့သည့် မန်ယူ

မန်ယူဗန်ပါစီအား ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့သည့် မန်ယူမန်ယူ အသင်းသည် အာဆင်နယ် တိုက်စစ်မှူး ဗန်ပါစီအား ပြောင်းရွှေ့ကြေး ပေါင် (၂၄)သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီး ယနေ့တွင် ကစားသမားနှင့် ဆေးစစ် မှုများ ပြုလုပ်မည် ဖြစ်သည်။

မန်ယူ အသင်းသည် ဗန်ပါစီအား ခေါ်ယူရန် ကြိုးပမ်းနေသည့် ဂျူဗင်တပ် နှင့် မန်စီးတီး အသင်းများကို ကျော်ဖြတ်၍ လက်ဦးမှု ရယူခဲ့ခြင်းလည်း ဖြစ်သည်။ ဗန်ပါစီသည် (၁၉၈၇)ခုနှစ် နောက်ပိုင်း မန်ယူ အသင်းသို့ ပြောင်းရွှေ့ခဲ့သည့် ပထမဆုံး ကစားသမားလည်း ဖြစ်လာခဲ့သည်။ ဗန်ပါစီသည် မန်ယူ အသင်းနှင့် (၄)နှစ် သက်တမ်းရှိ စာချုပ်တစ်ရပ်တွင် လက်မှတ်ရေးထိုးမည် ဖြစ်ကာ တစ်ပတ်လုပ်ခ ပေါင် (၂၀၀၀၀၀) ရရှိမည် ဖြစ်သည်။

Zay Thu Aung

Soccer

ကြော်ငြာများ