YOYARLAY

ပီအက်စ်ဂျီ အသင်း၏ ကမ်းလှမ်းမှု ကို လက်ခံ ခဲ့သည့် အေစီမီလန်

အီဗရာဟီ မိုဗစ်ခ်ျ,သီယာဂိုအေစီမီလန် အသင်းသည် အီဗရာဟီမိုဗစ်ခ်ျ နှင့် သီယာဂို ဆေးလ်ဗားတို့ နှစ်ဦးအတွက် ပီအက်စ်ဂျီ အသင်း၏ ယူရို (၆၅)သန်းတန် ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီ ဖြစ်ကြောင်း Sky Sport Italiaမှ ဖော်ပြခဲ့သည်။ ယခုလို သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်သောကြောင့် ပီအက်စ်ဂျီ အသင်းသို့ အဆိုပါ ကစားသမား နှစ်ဦး ရောက်ရှိရန်မှာ ယင်းတို့ အပေါ်တွင်သာ မူတည်ခဲ့ပြီ ဖြစ်သည်။ ပီအက်စ်ဂျီ အသင်းသည် ပြီးခဲ့သောလကလည်း သီယာဂို ဆေးလ်ဗားအား ခေါ်ယူရန် ယူရို (၄၆)သန်းဖြင့် ကမ်းလှမ်းခဲ့ပြီး အပြောင်းအရွှေ့ နောက်ဆုံးချိန် ရောက်မှသာ ဘာလူစကိုနီမှ ငြင်းပယ်ခဲ့ခြင်းကြောင့် ပျက်ပြယ်ခဲ့ရခြင်း ဖြစ်သည်။ သို့သော်လည်း ပီအက်စ်ဂျီ အသင်းသည် သီယာဂို ဆေးလ်ဗားအား ခေါ်ယူနိုင်ရန် ကိစ္စကို လက်လျော့ခဲ့ခြင်း မရှိပဲ ဆက်လက်ကြိုးပမ်းခဲ့ကာ ယခုအခါတွင် ဆေးလ်ဗားအား ကစားဖော် မိုဗစ်ခ်ျကိုပါ အတူတကွ ခေါ်ယူနိုင်ရန် ကမ်းလှမ်းမှုများ ပြုလုပ်လာခဲ့ပြီ ဖြစ်သည်။ အေစီမီလန် အသင်း၏ ငွေကြေး အကြပ်အတည်းများပေါ် စိတ်ပျက်နေသည့် အီဗာရာဟီမိုဗစ်ခ်ျသည်လည်း ပြင်သစ်သို့ ပြောင်းရွှေ့ရန် ကစားရန် ကိစ္စကို လက်ခံဖွယ် ရှိနေပြီး သူတို့ နှစ်ဦး၏ အပြောင်းအရွှေ့မှာ လာမည့် ရက်အနည်းငယ် အတွင်း ဖြစ်ပေါ်လာဖွယ် ရှိနေသည်။

Soccer

ကြော်ငြာများ