စပါးစ် နည်းပြဟောင်း ရက်ဒ်နပ်သည် ရုရှား လက်ရွေးစင် အသင်းအား ကိုင်တွယ်ရန် စိတ်ဝင်စား နေကြောင်း ၎င်း၏ အေးဂျင့်ဖြစ်သူမှ ဖွင့်ဟ ပြောဆိုခဲ့သည်။ ရုရှား ဘောလုံး အဖွဲ့ချုပ်၏ ထုတ်ဖော်ကြေငြာချက် အရ ရက်ဒ်နပ်သည် ထိပ်တန်း နည်းပြများ ဖြစ်ကြသည့် ဂွာဒီယိုလာ၊ ကာပယ်လို၊ လစ်ပီ နှင့် ဘင်နီတက်ဇ်တို့နှင့်အတူ ရုရှား လက်ရွေးစင် ဘောလုံးအသင်း၏ လျာထားသော နည်းပြစာရင်းတွင် ပါဝင်နေသူ ဖြစ်သည်။ ရုရှား ဘောလုံးအဖွဲ့ချုပ်မှ ရက်ဒ်နပ်အား တရားဝင် ချဉ်းကပ်မှု ပြုလုပ်ခြင်း မရှိသေးသော်လည်း ကမ်းလှမ်းမှု ပြုလုပ်လာပါက ကြိုဆိုမည် ဖြစ်ကြောင်း ၎င်း၏ အေးဂျင့်ဖြစ်သူမှ ဖွင့်ဟ ပြောဆိုခဲ့သည်။ “ရုရှားကို ဟယ်ရီလာဖို့ ပြဿနာ ရှိနိုင်မလား? မရှိပါဘူး။ သူဘယ်နေရာမဆို သွားလာဖို့ အဆင်သင့် ဖြစ်နေပါတယ်။ အထူးသဖြင့် ရုရှားလို နိုင်ငံ အကြီးကြီးမှာပေါ့”ဟု ရက်ဒ်နပ်၏ အေးဂျင့် ဖီးလ်စမစ်မှ ထုတ်ဖော် ပြောဆိုခဲ့သည်။