YOYARLAY

အေစီမီလန်အသင်း၏ အပြောင်းအရွှေ့ ဈေးကွက် ပိတ်ပြီဟု ဂယ်လီယာနီ ဖွင့်ဟ

အေစီမီလန် အသင်း၏ အပြောင်း အရွှေ့ဈေး ကွက် ပိတ်ပြီဟု ဂယ်လီယာနီ ဖွင့်ဟအေစီမီလန် အသင်း ဒါရိုက်တာ ဂယ်လီယာနီမှ သူ၏ အသင်းသည် (၂၀၁၂- ၁၃) ဘောလုံး ရာသီသစ် အတွက် ကစားသမားသစ် ထပ်မံ ခေါ်ယူမည် မဟုတ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

ပြီးခဲ့သော ရက်ပိုင်းအတွင်းက ဂယ်လီယာနီမှ ဂျီနိုအား ကစားသမား ဒက်စ်တိုကို ခေါ်ယူနိုင်ရန် နီးစပ်နေပြီဟု ထုတ်ဖော် ပြောဆိုခဲ့သော်လည်း ယခုအခါတွင် အဆိုပါ ကိစ္စရပ်မှာ စိတ်ကူးမှု တစ်ခုသာ ဖြစ်ကြောင်း ပြန်လည် ပြောဆိုခဲ့သည်။ “ဒက်စ်တိုလား? အဲဒါက စိတ်ကူးမှု တစ်ခုပါ။ အေစီမီလန် အသင်းရဲ့ အပြောင်းအရွှေ့ ဈေးကွက်က ပိတ်သွားပါပြီ”ဟု ဂယ်လီယာနီမှ ထုတ်ဖော် ပြောဆိုခဲ့သည်။

အေစီမီလန် အသင်းသည် ယခုနှစ် နွေရာသီ ဈေးကွက်အတွက် မွန်တိုလီဗို၊ အက်ခါဘီ၊ ကွန်စတန့် နှင့် ထရာအိုရေးတို့ကို ခေါ်ယူနိုင် ခဲ့ပြီ ဖြစ်သော်လည်း ပွဲထွက် ကစားသမား အများစု အသင်းမှ ထွက်ခွာခဲ့ခြင်းကြောင့် နောက်ထပ် ကစားသမားသစ် ခေါ်ယူမှုများ ပြုလုပ်ဦးမည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော်လည်း ယခုအခါတွင် အသင်း၏ ကစားသမားများ ရောင်းချခြင်းမှ လွဲ၍ ကစားသမား ခေါ်ယူမှုများ ပြုလုပ်ရန် မရှိတော့ကြောင်း သိရသည်။

Soccer

ကြော်ငြာများ