မန်စီးတီး တိုက်စစ်မှူး ဒီဇီကို ဘိုင်ယန်မြူနစ် အသင်း သို့ ပြောင်းရွှေ့ရန် ကိစ္စမှာ
ဂျာမန် ကလပ်မှ မန်ဇူကစ်ကို ကမ်လှမ်း မှုနှင့်အတူ သံသယ ဖြစ်ဖွယ် အနေ အထားသို့ ရောက်ရှိ ခဲ့သည်။
ဘိုင်ယန်မြူနစ် အသင်းသည် ယခုနှစ် အပြောင်းအရွှေ့ ဈေးကွက်တွင် ဂိုမက်ဇ်နှင့် တွဲဖက် ကစားရန် အတွက် တိုက်စစ်မှူး တစ်ဦးရှာဖွေနေပြီး ဂျာမနီမြေတွင် ခြေစွမ်းပြ ကစားနိုင်ခဲ့သည့် ဒီဇီကိုမှာ ၎င်းတို့၏ အဓိက ပစ်မှတ်ဖြစ်ခဲ့သည်။ သို့သော်လည်း မန်ဇူကစ်သည် ယူရိုပြိုင်ပွဲတွင် ခရိုအေးရှား အသင်းအတွက် (၃)ဂိုး သွင်းယူပေး ခဲ့ပြီးနောက် ဘိုင်ယန်မြူနစ် အသင်း၏ စိတ်ဝင်စားမှုမှာ ယင်းအပေါ်သို့ ပြောင်းရွှေ့သွား ခဲ့သည်။
ပေါင် (၇)သန်း တန်ကြေး သတ်မှတ်ထားသော မန်ဇူကစ်အား အဲဗာတန် အသင်းမှ စိတ်ဝင်စား နေသော်လည်း ချန်ပီယံလိဂ် ၀င်ခွင့်ရရှိထားသည့် ဘိုင်ယန်မြူနစ် အသင်းသို့သာ ပြောင်းရွှေ့ဖွယ် ရှိနေသည်။