အီတလီ အသင်း၏ ကွင်းလယ် ဖန်တီးရှင် ပါလိုမှ သူ၏ ရဲတင်းသော ပင်နယ်တီ
ကန်ချက်က အင်္ဂလန် အသင်း၏ ကစားသမားများအပေါ် ဖိအားဝင်စေခဲ့ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
အီတလီ အသင်းသည် ပင်နယ်တီ အဆုံးအဖြတ်ကန်ချိန်တွင် မွန်တိုလီဗို၏ လွဲချော်မှုနှင့်အတူ (၂-၁)ဖြင့် ရှုံးနိမ့်နေခဲ့ချိန်တွင် ပါလိုမှ ဂိုးပေါက် အလယ်တည့်တည့်သို့ ရဲတင်းစွာ ကန်သွင်းခဲ့ပြီး ဂိုးအဖြစ် ပြောင်းလဲနိုင် ခဲ့သည်။ ပါလို၏ နောက်တွင် ပင်နယ်တီ ကန်ရသည့် အက်ရှ်လေးယန်း နှင့် ကိုးတို့ နှစ်ဦးစလုံးမှာ ပင်နယ်တီများ လွဲချော်ခဲ့ပြီး အီတလီ အသင်းအား (၄-၂)ဖြင့် အရှုံးပေး ခဲ့ရကာ ပါလိုမှ သူ၏ ပင်နယ်တီ ကန်သွင်းချက်မှာ ပွဲကို ပြောင်းလဲစေခဲ့သည်ဟု ယုံကြည်နေကြောင်း သိရသည်။
“ဂျိုးလ်ဟတ်က ထူးခြားတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်နေပါတယ်။ သူဒိုင်ဗင်ပစ်တဲ့ အခါမှာပဲ ကျွန်တော် တည့်တည့်ကို ကန်ဖို့ဆုံးဖြတ်ခဲ့ပြီး ကောင်းကောင်း ဂိုးဝင်သွား ခဲ့ပါတယ်။ အဲဒါကပဲ သူတို့အသင်းရဲ့ ပင်နယ်တီကန်မယ့် သူတွေအပေါ် ဖိအားတွေ သက်ရောက်စေခဲ့ပြီး။ အကျိုးဆက်အနေနဲ့ ယန်း နဲ့ ကိုးတို့ နှစ်ဦးပင်နယ်တီ လွဲချော်ခဲ့ပါတယ်”ဟု ပါလိုမှ ပြောဆိုခဲ့သည်။