ရီဒင်း အသင်းသည် ပိုဂရာညက်ခ်အား ပေါင် (၂၄)သန်းဖြင့်
ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီးနောက် လာမည့် (၂၄) နာရီ အတွင်း လက်မှတ်ထိုး စာချုပ်ရန် ရှိနေကြောင်း Goal.comမှ ဖော်ပြခဲ့သည်။ အဆိုပါ ရုရှား တိုက်စစ်မှူးသည် ရီဒင်း အသင်းနှင့် (၄) နှစ် စာချုပ်ရန် သဘောတူညီမှု ရရှိခဲ့ပြီး တစ်ပတ်လုပ်ခ ပေါင် (၆၀၀၀၀) ရရှိမည် ဖြစ်ကြောင်း သိရသည်။ ရီဒင်း အသင်းနှင့် ဆေးစစ်ချက် အောင်မြင်ခဲ့ပြီ ဖြစ်သော ပိုဂရာညက်ခ်သည် အလုပ်လုပ်ခွင့် ပါမစ် ရရှိရန် အတွက် လက်မှတ်ရေးထိုးရန်သာ ကျန်ရှိနေကြောင်း သိရသည်။