YOYARLAY

စပိန်၏ တိုက်စစ်ကို ဟန့်တားရန် ခက်သည်ဟု ကိုစီရယ်နီဖွင့်ဟ

စပိန်၏ တိုက်စစ်ကို ဟန့်တားရန် ခက်သည်ဟု ကိုစီရယ်နီဖွင့်ဟပြင်သစ် အသင်း နောက်ခံလူ ကိုစီရယ်နီမှ ကွာတားဖိုင်နယ် အဆင့်တွင်

တွေ့ဆုံယှဉ်ပြိုင်ရမည့် စပိန် အသင်း၏ တိုက်စစ်ကို ဟန့်တားရန် ခက်ခဲသည်ဟု ဖွင့်ဟ ပြောဆိုခဲ့သည်။ နိုဝင်ဘာ (၂၀၁၁)တွင် ပြင်သစ် အသင်းအတွက် ပထမဆုံး ပွဲထွက် ကစားခွင့် ရခဲ့သည့် ကိုစီရယ်နီသည် ဘလန့်၏ အသင်းတွင် ပုံမှန် ရွေးချယ်ခံခဲ့ရသော်လည်း လက်ရှိ ပြိုင်ပွဲတွင် တစ်ပွဲမှ ပါဝင် ကစားခွင့် မရသေးပေ။ သို့သော်လည်း စပိန် အသင်းနှင့် ကစားရမည့် ကွာတားဖိုင်နယ် ပွဲစဉ်တွင် မက်ဆက်စ် ပွဲပယ်ခံထားရခြင်းကြောင့် ၎င်းမှာ ပွဲထွက် ကစားခွင့် ရဖွယ် ရှိနေသည်။ ကိုစီရယ်နီမှ “စပိန်နဲ့ ကစားရဖို့ ကျွန်တော် အရမ်းစိတ်လှုပ်ရှား နေပါတယ်၊ ဒီပွဲဟာ ကျွန်တော်တို့ကို ပျော်ရွှင်မှု ပေးနိုင်မှာပါ၊ သူတို့ အသင်းကို ကြောက်နေစရာ မလိုဘူးလို့ ကျွန်တော် ထင်ပါတယ်၊ အကယ်၍ ကျွန်တော်တို့သာ တိုက်စစ်ဖွင့် ကစားမယ်ဆိုရင် အရမ်းကို ဒုက္ခရောက်သွားနိုင်ပါတယ်၊ သူတို့နဲ့ ကန်ရင်တော့ နောက်တန်းကို အရမ်းအားပြု ကစားရမှာပါ”ဟု ကိုစီရယ်နီမှ သတင်းထောက်များသို့ ဖွင့်ဟ ပြောဆိုခဲ့သည်။

Soccer

ကြော်ငြာများ