YOYARLAY

အီတလီ နှင့် အင်္ဂလန်တို့အတွက် အမြင့်ဆုံးအဆင့်သည် ဆီမီးသာ ဖြစ်သည်

အီတလီ နှင့် အင်္ဂလန်တို့အတွက် အမြင့်ဆုံးအဆင့်သည် ဆီမီးသာ ဖြစ်သည်ဟု ကာပယ်လိုသုံးသပ်အင်္ဂလန် နည်းပြဟောင်း ကာပယ်လိုသည် အင်္ဂလန် နှင့် အီတလီ

အသင်းတို့၏ ကွာတားဖိုင်နယ် ပွဲစဉ်တွင် အနိုင်ရရှိသည့် အသင်းသည် နောက်တစ်ဆင့်တွင် ကျိန်းသေ ရှုံးနိမ့်မည်ဟု သုံးသပ်ပြောဆိုခဲ့သည်။ အင်္ဂလန် အသင်းနှင့် ဖေဖော်ဝါရီလတွင် လမ်းခွဲခဲ့သည့် ကာပယ်လိုမှ ယခု ယူရိုပြိုင်ပွဲ၏ ဗိုလ်လုပွဲမှာ စပိန် နှင့် ဂျာမနီ အသင်းတို့၏ ဗိုလ်လုပွဲသာ ဖြစ်သည်ဟု ခန့်မှန်း ပြောဆိုခဲ့သည်။ “တနင်္ဂနွေ့နေ့ ပွဲစဉ်အတွက် ကျွန်တော့်ဆီမှာ ထူးခြားတဲ့ ခံစားချက် ရှိနေပါတယ်၊ အင်္ဂလန်မှာ ကျွန်တော် (၄) နှစ်ကြာ အလုပ်လုပ်ခဲ့လို့ မေ့ပျောက်ဖို့ ခက်ခဲပါတယ်၊ ဒါပေမယ့်လည်း စပိန် နဲ့ ဂျာမနီသာ ယူရိုပြိုင်ပွဲမှာ နောက်ဆုံးကျန်တဲ့ အသင်းတွေ ဖြစ်ပါလိမ့်မယ်၊ အကုန်လုံး ခြုံပြီးတော့ ပြောရမယ် ဆိုရင် ဒီနှစ်သင်းလုံးက အခြားအသင်းတွေထက် သာလွန်နေတဲ့ အသင်းတွေပါ”ဟု ကာပယ်လိုမှ သုံးသပ်ပြောဆိုခဲ့သည်။

Soccer

ကြော်ငြာများ