မြန်မာ့ ဆက်သွယ်ရေးမှ ချထား ပေးသော ဖုန်းများအား ယခင် Post- Paid စနစ်မှ Pre- Paid စနစ်သို့ ပြောင်းလဲ အသုံးပြုရာတွင် ဖုန်းဘီလ် လက်ကျန်ငွေများအား စနစ်သုံးမျိုးဖြင့် ပြောင်းလဲထုတ်ယူနိုင်ကြောင်း သိရသည်။
ယင်းသို့ထုတ်ယူရာတွင် လက် ကျန်ပိုငွေကို မိမိပြောင်းလဲလိုက်သည့် ဏမနစငေိ စနစ်သို့ ဆက်လက်ဖြည့် သွင်းလိုခြင်း၊ လက်ကျန်ပိုငွေကို ကြို တင်ငွေစနစ်ထားရှိသည့် အခြားသော အော်တိုဖုန်းလိုင်းများနှင့် မိုဘိုင်းဖုန်းများ ၏ ဘီလ်စနစ်သို့ လွှဲပြောင်းပေးလိုခြင်း နှင့် လက်ကျန်ပိုငွေတစ်သိန်းနှင့် အထက်ရှိပါက အထက်ပါအချက် နှစ် ချက်အတိုင်း လုပ်ဆောင်နိုင်သည့် အပြင် ငွေသားအနေဖြင့်လည်း ပြန် လည်ယူနိုင်ခြင်းဟူသော နည်းလမ်း သုံးမျိုးဖြင့် လွှဲပြောင်းထုတ်ယူနိုင်သည် ဟု မြန်မာ့ဆက်သွယ်ရေးမှ ခွဲခြား သတ်မှတ်ပေးထားသည်ဟု သိရ သည်။
လက်ကျန် ပိုငွေများအား လွှဲ ပြောင်းထုတ်ယူလိုပါက သတ်မှတ် ကာလများအတွင် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း၊ ငွေစာရင်းဌာနသို့ ဖုန်းပိုင် ဆိုင်မှု အထောက် အထားများနှင့်အတူ ဆန္ဒပြုလွှာများ လာရောက်ပေးပို့ ရမည်ဖြစ်ပြီး ရန်ကုန်မြို့နှင့် မန္တလေးမြို့ ရှိPost-paid အသုံးပြုမိုဘိုင်းဖုန်း လိုင်းများသည် Pre-paid စနစ်သို့ ပြောင်းလဲအသုံးပြုခြင်းမရှိပါက လာ မည့်စက်တင်ဘာလမှစ၍ ဖုန်းဘီလ် များအား ဘဏ်များနှင့်ချိတ်ဆက်ပေး ဆောင်ရမည်ဖြစ်ကြောင်းသိရသည်။