Appleသည် တောင်ကိုရီးယား အခြေစိုက် Samsung ကုမ္ပဏီ ၏ ထိပ်တန်း စမတ်ဖုန်း ထုတ်ကုန် တစ်ခုဖြစ်သည့် Galaxy Nexus ဖုန်း များအား အမေရိကန် တွင်ရောင်းချ ခြင်း ကပို တိ ပ် ငေ် ပးရန် အမေရကိ န် တရားရုံးတော် တစ်ခုအား ငွေကြေး အာမခံစာချုပ်ဖြင့် တရားလိုပြုတိုင် တန်းမှုပြုလုပ်ခဲ့၍ ပြီးခဲ့သည့်သော ကြာနေ့၌ အဆိုပါ Galaxy Nexusဖုန်း များ အမေရိက တွင်ရောင်းချ မှုကို ခေတ္တ ရပ်ဆိုင်းခြင်း ခံခဲ့ရသည်။
Apple ၏တရားလိုပြုမှုမှာ အ ဆိုပါ Galaxy Nexus ဖုန်း၌၄င်းတို့၏ အဓိကထုတ်ကုန်ဖြစ်သော iPhones, iPads များ၏နည်းပညာအချို့ကို ကူးချထားသည့်အတွက် အမေရိက တွင်ရောင်းချမှုအား ပိတ်ပင်ပေးရန် တရားလိုပြုခဲ့ခြင်းကြောင့် Galaxy Nexus ဖုန်းများကိုအွန်လိုင်းမှတိုက် ရိုက်ရောင်းချပေးသောGoogle Play Store သည်လည်း အဆိုပါဖုန်းများ ရောင်းချမှုကို ခေတ္တရပ်ဆိုင်းကာ software update ပြုလုပ်မှုများကို လုပ်ဆောင်သွားမည်ဖြစ်သည်။
အမှုနှင့်ပတ်သက်၍ တရားလို Apple အနေဖြင့် လာမည့်ဇူလိုင်လ ၁၂ရက်နေ့၌တရားဝင်လျှောက်ထား တိုင်ကြားမှုထပ်မံမလုပ်မချင်း ကနဦး တိုင်ကြားမှုဖြစ်သည့် Galaxy Nexus ဖုန်းကိုအမေရိကန်၌ရောင်းချမှုပိတ် ပင်ပေးရန်တောင်းဆိုမှုအားယာယီ ရုပ်သိမ်းထားမည်ဖြစ်သည်။ ဗစစူန အနေဖြင့်တရားဝင်တိုင်ကြားလာပါ ကကြားနာစစ်ဆေးမှုများပြုလုပ်ပြီး ပိတ်ပင်မှုပြုလုပ်သင့် မလုပ်သင့်ကို တရားရုံးတော်ကဆက်လက်ဆောင် ရွက်သွားမည်ဖြစ်သည်။Apple မှာ အာမခံငွေကြေးစာချုပ်အတွက်ဒေါ် လာ၉၅.၆သန်းပေးသွင်းထားရသည်။