ပြည်တွင်းတွင် Mobile Banking ဆောင်ရွက်ရန် အတွက် ဆက်သွယ်ရေး၊
စာတိုက်နှင့် ကြေး နန်းဝန်ကြီး ဌာနက အဆိုပြုလွှာ ခေါ်ယူထားပြီး ယင်း Mobile Banking ဆောင်ရွက်လိုသော ဘဏ်များ နှင့်ငွေကြေးအဖွဲ့အစည်းများအနေ ဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သို့ အဆိုပြုလွှာတင်သွင်းနိုင် ကြောင်း နိုင်ငံပိုင်သတင်းစာ များ တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တင်ဒါခေါ်ယူထားခြင်းမှ သိရ သည်။
ဆက်သွယ်ရေး၊စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၊ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် အဆိုပြုလွှာ ခေါ်ယူရာတွင် Mobile Banking နှင့် Postal Banking ကိစ္စရပ်များသည် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၏ Mobile နှင့် Postal Infrastructure တို့ကို အသုံးပြုရန်သာ ဖြစ်သည်ဟုသိရ ပြီး ငွေကြေးဆိုင်ရာကိစ္စရပ်များ နှင့် ဥပဒေဆိုင်ရာ ကိစ္စရပ်များအ တွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဥပဒေဌာနများနှင့် ဆွေးနွေး ဆောင်ရွက်သွားရန်လိုအပ်ကြောင်း လည်းသိရသည်။
အဆိုပါMobile Banking နှင့် Postal Banking ဆောင် ရွက်ရာတွင်Mobile Network နှင့် Postal Network တို့ကို အ သုံးပြုဆောင်ရွက်ရမည်ဖြစ်ပြီး ယင်းလုပ်ငန်းကို စိတ်ပါဝင်စားသူ များအနေဖြင့် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းသို့ အဆိုပြုလွှာများ တင်သွင်းရမည်ဖြစ်သည်။ ယင်း အဆိုပြုလွှာများကို တင်သွင်း လိုသူများအနေဖြင့် Mobile Banking အတွက် အ ဆိုပြုလွှာကို အင်ဂျင်နီယာချုပ်ရုံး ခန်း၊ ရွှေဂုံတိုင်မိုဘိုင်း ဆက်သွယ် ရေးစခန်း၊ ရန်ကုန်မြို့သို့ ချိပ်ပိတ် တင်ဒါ တင်သွင်းရမည်ဖြစ်သည်။ Postal Banking ဆောင်ရွက်လို သူများအနေဖြင့် စီမံကိန်းနှင့် လေ့ကျင့်ရေးဌာန၊ မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း၊ နေပြည်တော်၊ စာတိုက်ကြီး၊ နေပြည်တော်သို့ လည်းကောင်း ပေးပို့ရ မည်ဖြစ် သည်။
ယင်းချိတ်ပိတ် တင်ဒါများ ကို ဩဂုတ်လ ၁၇ ရက်နေ့ နောက်ဆုံးထား၍ပေးပို့ရမည်ဖြစ် သည်။ ပြည်တွင်းတွင် လက်ရှိ အ ချိန်တွင် Credit Card များ စတင် သုံးစွဲတော့မည်ဖြစ်ပြီး နောက်ပိုင်းတွင် Mobile Banking ဆောင်ရွက်သွားနိုင်မည် ဖြစ်သည်ဟုလည်း ပြည်တွင်း ပုဂ္ဂလိက ဘဏ်တစ်ခုမှ တာဝန်ရှိ သူ တစ်ဦးကလည်း ပြောသည်။
အဆိုပါ ပုဂ္ဂိုလ်က “ပြည် တွင်းမှာ အရင်က ATM ကတ် တွေ သုံးတယ်။ လာမယ့်လ လောက်မှာပဲ Debit ကတ်သုံး တော့မယ်။ နောက်ပိုင်းမှာလည်း မိုဘိုင်းပေါ်က သွားရတော့မှာပါ။ ဒါက သွားကိုသွားရမယ့်လမ်း ကြောင်းတွေပါ”ဟု ပြောသည်။ အိုင်တီပညာရှင်တစ်ဦးဖြစ် သည့် ဦးဇော်ဝင်းထွန်းကလည်း “Mobile Banking ကသွားကို သွားရမှာပါ။ သူများနိုင်ငံတွေမှာ တော့ အခုကMobile Banking ကို တွင်တွင်ကျယ်ကျယ် သုံးနေပါပြီ။
ဒီမှာက ဘယ်လိုပုံစံမျိုးသွား မလဲတော့ မသိရသေးပါဘူး။ တကယ် Mobile Bankingသွား မယ်ဆိုရင်Payment ကို မိုဘိုင်း ပေါ်က ပေးနိုင်ရမယ်။ ငွေ transfer လုပ်နိုင်ရမယ်။ အဲဒီတော့ ဘယ်လို ပုံစံ မျိုးသွားမလဲဆိုတာ မသိနိုင်သေး ဘူး။Local တွင်းပဲ သွားမလား၊ နိုင်ငံခြားနဲ့ ချိတ်ဆက်မလား ဒါတွေ ကလည်း အရေးကြီးပါတယ်။
အဓိက လိုအပ်တာကတော့Infrastructure အနေနဲ့ဆိုရင်Mobile Server နဲ့ Payment ကွန်ယက်တွေ ချိတ် ဆက်ဖို့လိုပါတယ်။ နောက်ပြီး မိုဘိုင်း ဖုန်းတွေပေါ်မှာ ဘယ်လို run မလဲ ဆိုတာလည်း ရှိပါသေးတယ်။ ပိုက် ဆံပေးချေမှုဖြစ်လာတဲ့အတွက်security ကလည်း အရေးကြီးပါ တယ်။ အင်တာနက် ကွန်နက်ရှင်က လည်း တော်တော်အရေးကြီးပါ တယ်။
ဒါကြောင့် အင်တာနက် ကွန် နက်ရှင်ကောင်းဖို့လည်း လိုပါတယ်။ မကောင်းဘူးဆိုရင် ငွေပေးတဲ့အချိန် ကွန်နက်ရှင်ကျသွားရင်ဆိုတဲ့ ကိစ္စ တွေရှိလာပါပြီ။ ပြီးတော့ဘယ် OS (Operation System) ပေါ်မှာ သွားမှာလဲ။ OS အားလုံးနဲ့ ကိုက်ညီ ရပါမယ်။ မကိုက်ညီဘူးဆိုရင် လူတွေက ဖုန်းအမျိုးမျိုး ကိုင် ထားတာဆိုတော့ အဆင်မပြေဖြစ် နိုင်ပါတယ်။ ဘယ်လိုပေးသုံးမလဲပြည်တွင်းလား၊ နိုင်ငံခြားရောရမ လား။ ဒါတွေအားလုံး အရေး ကြီးပါတယ်”ဟု အခြေအနေကို ဆက်စပ်ရှင်းပြသည်။