YOYARLAY

ကျပ် ၁၅ သိန်းတန် GSM ဖုန်းများ ကျပ်လေးသိန်း ဝန်းကျင်ထိ ကျဆင်း

ကျပ် ၁၅ သိန်းတန် GSM ဖုန်းများ ကျပ်လေးသိန်း ဝန်းကျင်ထိ ကျဆင်းမြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ယခင် ချထား ပေးခဲ့သော ကျပ် ၁၅ သိန်းတန် ဂျီအက်စ်အမ် ဖုန်းများ၏ ပြင်ပ ပေါက်ဈေးမှာ ကျပ်လေးသိန်းဝန်း ကျင်ထိ ကျဆင်း သွားကြောင်း ဖုန်းအ ကျိုးဆောင်များထံမှ သိရသည်။ အဆိုပါ ဖုန်းများမှာ ယခင်ကျပ် ငါးသိန်းဖုန်းများ ချထားပေးစဉ်က ကျပ်ခြောက်သိန်းကျော် ဝန်းကျင်ထိ ရှိ ခဲ့သော်လည်း ကျပ်နှစ်သိန်းဖုန်းများ ရောင်းချပေးခဲ့သည့် နောက်ပိုင်းတွင် ယခုကဲ့သို့ ဈေးနှုန်းများ ကျဆင်းသွား ခြင်းဖြစ်သည်ဟု သိရသည်။

"ကျပ် ၁၅ သိန်းတန်ဖုန်းတွေက အခု ကျပ်လေးသိန်းကျော်ဝန်းကျင် လောက်ပဲ ရှိပါတော့တယ်။ ဒီလို ဈေး တွေ ကျသွားတာတောင် ဝယ်မယ့်သူ မရှိပါဘူး "ဟု ဖုန်းအကျိုးဆောင် ဦးဇော်က ပြောသည်။

ယခုအခါ မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ ပြင်ပ ပုဂ္ဂလိက ကုမ္ပဏီ ကြီးများအား တရားဝင် ရောင်းချခွင့် ပေးထားသော ကျပ်နှစ်သိန်းတန်ဖုန်း များကို ရန်ကုန်မြို့ တွင် ဝယ်ယူသူပိုမို များ ပြားလျက်ရှိကြောင်း သိရသည်။

"ကျပ်နှစ်သိန်းတန်လိုင်းကတ် တွေ ရောင်းကောင်းနေသလို ဟန်းဆက် တွေပါ အရင်ကထက်ပိုပြီး နည်း နည်းတော့ အရောင်းသွက်နေပါတယ်။ အများဆုံးကတော့ ကျပ်တစ်သိန်း အောက် ဟန်းဆက်တွေ ပိုရောင်းရ တယ်"ဟု Today's Mobile မှ တာဝန်ရှိတစ်ဦးက ပြောသည်။

ရှိန်ဝင်းထိုက်

itTimes

ကြော်ငြာများ