YOYARLAY

Canon ၏ ရေစိုခံကင်မရာသစ် ဈေးကွက်သို့ ဝင်ရောက်

Canon ၏ ရေစိုခံကင်မရာသစ် ဈေးကွက်သို့ ဝင်ရောက်နာမည်ကျော် အီလက်ထရော နစ်ပစ္စည်းများ ထုတ်လုပ်သော Canon ကုမ္ပဏီမှ အသစ်ထပ်မံ ထုတ်လုပ် လိုက်သော မော်ဒယ်လ် သစ်ကင်မရာ တစ်မျိုးကို Canon Products များအား မြန်မာနိုင်ငံ တွင် တင်သွင်းဖြန့်ဖြူးသည့် Golden Rock ကုမ္ပဏီမှ ဖြန့်ဖြူးရောင်းချ နေပြီဖြစ်ကြောင်းသိရှိရသည်။

၎င်းမော်ဒယ် သစ် ကင်မရာမှာ Power Shot D 20 အမျိုးအစားဖြစ်ပြီး အ ပျော်တမ်း ဓါတ်ပုံရိုက်ကူးသူများ၊ သတင်း ဓါတ်ပုံ၊ မှတ်တမ်းဓါတ် ပုံရိုက်ကူး လိုသူများအတွက် သင့်တော်သော ကင်မရာသစ်အမျိုး အစားဖြစ်ကာ ဒီဇိုင်းပုံစံဆန်းပြီး 12.1 Mega Pixel ပုံရိပ် အရည် အသွေးနှင့်5x optical zoom အသုံးပြု ပါဝင်သည်။

အခြားအဆင့်မြင့် အရည်အသွေးများဖြစ်သောရေ အောက် 10 မီတာအထိရိုက် ကူးနိုင် ခြင်း၊ 100c Cold Tolerance, IPX-Class dust Proof, GPS နှင့် အခြားFunction များစွာပါဝင်ပြီးDisplay မှာ3.0" LCD မျက်နှာ ပြင်ကို အသုံးပြုထားသည်။ ဈေးနှုန်းမှာUSD 510 ဝန်းကျင် ဖြစ်ကြောင်း သိရှိရပြီး Canon Products များရောင်းချသော Canon Show room များနှင့် အီလက်ထရောနစ်ပစ္စည်းဆိုင် များတွင် ဝယ်ယူရရှိနိုင်ကြောင်း သိရှိရသည်။

ကျော်ညိုသွေး

Mobile Guide

ကြော်ငြာများ