YOYARLAY

အသစ်ထွက်ရှိလာသည့် ဂိမ်းစီဒီများ

အသစ်ထွက်ရှိလာသည့် ဂိမ်းစီဒီများNaval War : Arctic Circle (PC)

Strategy ဂိမ်း အမျိုးအစား၊ NATO,Nordic Alliance, Russia, the United States စတဲ့ မျက်မှောက်ခေတ် ထိပ်တန်း ရေတပ် များနဲ့ ပင်လယ်ပြင် စစ်ပွဲ များကို စိတ်ကြိုက် ဆင်နွှဲရမယ့် ဂိမ်းဖြစ်ပြီး သင့်ရဲ့ စစ်နည်း ဗျူဟာ များကို အပြည့်အဝ အသုံးချ ရမှာပါ။

The Witcher 2 : Assassins of Kings Enhanced Edition (PC)

Role-playing ဂိမ်းအမျိုးအစား၊ Geralt of Rivia လို့ခေါ်တွင်တဲ့ ငွေရောင်ဆံရှည် ဓားသမား သူရဲကောင်း အဖြစ်နဲ့ မှော်အစွမ်းများ သုံးကာ ရန်သူ မိစ္ဆာကောင် တွေကို ရင်ဆိုင် တိုက်ခိုက်ရင်း စွန့်စားခန်းဆင်နွှဲရမှာပါ။

Confrontation (PC)

Strategy ဂိမ်း အမျိုးအစား၊ Fantasy ဆန် ဆန် ဖန်တီးထားတဲ့ သတ္တဝါဆန်း မျိုးစုံနဲ့ ကမ္ဘာထဲမှာ ကစားရမှာ ဖြစ်ပြီး မျိုးနွယ်ဂိုဏ်း ၄ ခုရဲ့ အားပြိုင်တဲ့ စစ်ပွဲများ ကို ဆင်နွဲရမယ့် Fantasy အထူး ကောင်းမွန်တဲ့ ဂိမ်းပါ။

Angry Birds Rio 1.4.4 (PC) Rio

ဆိုတဲ့ မှော်ဆန်တဲ့မြို့လေးဆီကို ပြန်ပေးဆွဲခံရတဲ့ ဒေါသကုမ္ဘာရငှက်ကလေး များ သူငယ်ချင်း အသစ် ငှက်လေးများရဲ့ အကူအညီနဲ့ လွတ်မြောက်အောင် ကြိုးပမ်း ရမှာပါ။

Top Gun Hard Lock (2012 Multi 5) (PC)

Simulator ဂိမ်းအမျိုးအစား၊ ၁၉၈၆ ခုနှစ် က Top Gun ရုပ်ရှင်ကို ဇာတ်လမ်းအသစ်နဲ့ အသက်ပြန်သွင်းထားတဲ့ ဂိမ်းဖြစ်ပြီး Singleplayer mode မှာ Missions ၁၅ ခု ပါဝင်သလို Player ၁၆ ဦးအထိ ကစားရမှာပါ။

Net Guide

ကြော်ငြာများ