ရိုးရာလေး


Back ပင်မစာမျက်နှာ သိပ္ပံနှင့်နည်းပညာ မိုဘိုင်းဖုန်း မြန်မာစာ font ထည့်ရန် root လုပ်ခြင်း သည် ဖုန်းအတွက် ထိခိုက်မှု မရှိနိုင်

သိပ္ပံနှင့်နည်းပညာ

မြန်မာစာ font ထည့်ရန် root လုပ်ခြင်း သည် ဖုန်းအတွက် ထိခိုက်မှု မရှိနိုင်

မြန်မာစာ font ထည့်ရန် root လုပ်ခြင်းသည် ဖုန်းအတွက် ထိခိုက်မှု မရှိနိုင်ဖုန်း ဖြင့် အင်တာနက် အသုံးပြုခြင်း၊ message ပို့ခြင်း၊ Contact အမှတ်ခြင်း များကို

မြန်မာဘာသာဖြင့် အသုံးပြုနိုင်ရန် အတွက် မြန်မာ font ထည့်သွင်း ရာတွင် root လုပ်ခြင်းသည် warranty seal ပျက်ယွင်းစေ သည်ဟုဆိုကာ အများစုမှာ root မလုပ်လိုကြကြောင်း သိရသည်။

 

သို့ သော် root လုက်လိုက်ခြင်းသည် မြန်မာစာ font အတွက်သာမက အခြား root access ရမှသာ အသုံးဝင်မည့် apps များအတွက်လည်းအ သုံးဝင်ပြီးဖုန်းအတွက်ကြီးမားသောထိခိုက်မှုမျိုးမရှိနိုင်ကြောင်းသိရသည်။

“အမှန်တကယ်က root လုပ်တာနဲ့ မလုပ်တာက သိပ်မကွာပါဘူး။ root မလုပ်ဘဲ မြန်မာစာ font ထည့်တယ်ဆိုတာကADB mood မှာဆိုရင် ဖုန်းကိုဖွင့်ထားပြီး Command line နဲ့ remount လုပ်ပြီး ထည့်လိုက်တာ။

အချို့ဖုန်းတွေဆိုရင်လည်း fastboot mood မှာရှိတဲ့ recovery file ထဲမှာ custom recovery အနေနဲ့ထည့်ပြီး zip file လေးတွေကို ဖြည်ချလိုက်တာပါပဲ။ root လုပ်တာကျတော့ system ထဲက font ကို ဝင်ပြောင်းရတာမို့လို့ Admin အနေနဲ့ change လိုက်တဲ့သဘောပါ။

ဖုန်းတော်တော်များများက သူတို့ရဲ့ဖုန်းမှာ game တွေ၊apps တွေ တင်ခွင့်ရှိပေမယ့် System ထဲကို ဝင်ရောက် ခွင့်ပေး မထားပါဘူး။ ဒါကြောင့် warranty seal ပျက်တာပါ။ ဒါပေမယ့် အချို့ root access ရမှသုံးလို့ရမယ့် apps တွေဆိုလည်း root လုပ်ရမှာပဲလေ။ ဖုန်းကို မထိခိုက်ပါဘူး”ဟု လသာမြို့နယ်ရှိ Mobimax ဖုန်းဆိုင်မှ ကိုပြည့်စုံကိုက ပြောသည်။

ယခုနောက်ပိုင်း Samsung, Nokia ဖုန်းများ တွင်လည်းroot လုပ်ရန်ပင် မဟုတ်သေးဘဲ boot လုပ်ရန် unlock ဖြည်ရုံဖြင့် warranty seal ပျက်ကြောင်း သိရသည်။ ထို့ကြောင့် အချို့သော ဖုန်းအသုံးပြုသူများမှာfacebook, Gmail, message, ဖုန်း contact အတွက် မြန်မာလိုပေါ်စေရန်apps တစ်မျိုးချင်းစီကို ထည့်သွင်းထားပြီး မြန်မာ Keyboard ထည့်ကာအသုံး ပြုကြကြောင်း သိရသည်။

Mobile Guide

Mobile Guide
  • Comment
  • Facebook Comment