ကေအိုင်အေ (ကချင် လွတ်မြောက်ရေး တပ်မတော်)မှ ဗိုလ်ကြီးဟု အမည် တပ် ဖမ်းဆီး ထားသော ဂျန်မိုင်ကောင်း ဒုက္ခသည် စခန်းမှ ဦးဘရန်ရှောင်ကို ယနေ့(ဇူလိုင်၁၁ရက်) နံနက်တွင် မြစ်ကြီးနားမြို့တရားရုံးတွင်ရုးံ ထုတ် စစ်ဆေးနေ ပြီဖြစ်ကြောင်း မြစ်ကြီး နားမြို့မှ သတင်းထောက် ကသတင်းပေး ပို့သည်။
ဇူလိုင်၆ရက်နေ့က ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှ ဘာ သာရေးခေါ င်းဆောင်များဦးဆောင် ကာ ဦးဘရန်ရှောင်ကို ပြန်လွှတ်ပေးရန် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ပြီး တောင်းဆိုခဲ့ကြပြီး နောက် ယနေ့ ရုံးထုတ်စစ်ဆေးခြင်းဖြစ်သည်။
မူလ ရုံးထုတ်မည့်ရက်မှာ ဇူလိုင်လ ၆ရက်ဖြစ်သော်လည်း ဆန္ဒဖော်ထုတ်ခြင်းများရှိသည့်အတွက် ရက်ရွေ့ပြောင်းလိုက်ခြင်းဖြစ်သည်။ ဦးဘရန်ရှောင်ကို ရုံးထုတ်စစ်ဆေးသည်ကို ကြည့်ရှု့နားထောင်နိုင်ရန် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် ကချင်လူငယ်အချို့သွားရောက်စောင့်ဆိုင်းခဲ့ကြပြီး ယင်းတို့ကို ၅ယောက်တစ်ဖွဲ့စီဝင်ခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။