YOYARLAY

အိန္ဒိယတွင် နေရူးအောက်မေ့ဖွယ် ဟော ပြောရန် ဒေါ်အောင်ဆန်းစုကြည် သဘောတူ

အိန္ဒိယတွင် နေရူးအောက်မေ့ဖွယ် ဟောပြောရန် ဒေါ်အောင်ဆန်းစုကြည် သဘောတူအိန္ဒိယ နိုင်ငံတွင် ဂျဝါဟာလာ နေရူး အောက်မေ့ဖွယ် ဟောပြောချက် လာရောက် ပို့ချရန် ကွန်ဂရက် ဥက္ကဋ္ဌ၏ ဖိတ်ကြားခြင်းကို ဒေါ်အောင် ဆန်းစုကြည်က သဘောတူ လိုက်သည်။ မေ ၂၉ ရက်နေ့တွင် အိန္ဒိယဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်းအား ဆီဒိုးနားဟိုတယ်၌ ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံစဉ် အိန္ဒိယ ဝန်ကြီး ချုပ်က ကွန်ဂရက်ဥက္ကဋ္ဌ ဆွန်နီယာဂန္ဒီပေးလိုက်သော ‘ဂျဝါဟာ လာနေရူး အောက်မေ့ ဖွယ်ဟောပြောချက်’ လာရောက်ဟောပြောရန် ဖိတ်ကြား စာကို ပေးအပ် ခဲ့ရာ သူမက သွားရောက် ပို့ချရန် သဘောတူ ခဲ့ခြင်းဖြစ်သည်။

”အိန္ဒိယ လွတ်မြောက်ရေးတိုက်ပွဲနဲ့ မြန်မာလွတ်လပ်ရေးတိုက်ပွဲတို့က တစ်ချိန်တည်းမှာ ဖြစ်ခဲ့ပါတယ်။ အိန္ဒိယနဲ့ မြန်မာနိုင်ငံတို့က နှစ်ပေါင်း များစွာ ရင်းနှီးခဲ့ကြ တဲ့ နိုင်ငံတွေ ပါ။ ကျွန်မတို့ရဲ့ ဒီမိုကရေစီ ပန်းတိုင်က ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးပေါ် အခြေခံပါတယ်”ဟု ဒေါ်အောင်ဆန်း စုကြည်က သတင်းထောက်များကို ပြော ခဲ့သည်။ အိန္ဒိယ ဝန်ကြီးချုပ် ကလည်း အောက်စဖို့ဒ်သို့ မတက်မီ နယူးဒေလီမြို့ ’လေဒီဆရီရမ်’ကောလိပ်၌ ပညာသင်ခဲ့ဖူးသူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရသည့်အတွက် ဝမ်းသာကြောင်း ပြောခဲ့သည်။

”ကျွန်တော်တို့ အိန္ဒိယနိုင်ငံက သူနဲ့သူ့မိသားစုဝင်တွေနဲ့ အကြာကြီးပေါင်းသင်းခဲ့ရတဲ့အတွက် သိပ်ကို ဂုဏ်ယူပါတယ်”ဟု ၄င်းကဆိုသည်။ ၄င်းအပြင် သမ္မတ ဦးသိန်းစိန် လုပ်ဆောင်နေသော အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်လိမ့်မည် ဟု ၄င်းက ထပ်လောင်းပြောခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယဝန်ကြီးချုပ်အား ဆီဒိုးနားဟိုတယ်တွင် လာရောက်တွေ့ ဆုံ ခြင်း ဖြစ်သည်။ အခြား ကမ္ဘာ့ခေါင်း ဆောင်များ ကမူ နှစ်ကာလကြာမြင့် စွာ အကျယ်ချုပ်ဘဝဖြင့် နေခဲ့သော အင်လျားကန်စောင်းရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ လာရောက်တွေ့ဆုံခဲ့ကြ၏။

Popular News

ကြော်ငြာများ