YOYARLAY

စပ်မျိုးစပါးများ စနစ်တကျစမ်းသပ် ပြီးမှသာ ဆောင်ရွက်သင့်ဟုဆို

စပ်မျိုးစပါးများ စနစ်တကျစမ်းသပ်ပြီးမှသာ ဆောင်ရွက်သင့်ဟုဆိုစပ်မျိုးစပါးသည် စပါးစိုက်ပျိုး ထုတ်လုပ်ရေး အတွက် ဆောင်ရွက် ရမည် ဖြစ်သော်လည်း စနစ်တကျ စမ်းသပ်မှု မလုပ်ဘဲ တစ်နိုင်ငံလုံး ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက် ရန် မသင့်ကြောင်း စိုက်ပျိုးရေး ပညာရှင်တစ်ဦးလည်းဖြစ်သူ အ မျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမှတ်ကြီးက ပြောသည်။

စပ်မျိုးစပါးတွင် မျိုးစေ့အ ရည်အသွေး၊ ဒေသအလိုက်ရော ဂါ၊ ပိုးမွှားကာကွယ်နှိမ်နင်းမှု၊ ရေ မြေနှင့် ရာသီဥတု၊ တည်ငြိမ်သည့် အထွက်နှုန်း၊ တောင်သူတွက်ခြေ ကိုက်မှု၊ ပြည်တွင်းပြည်ပ ဈေး ကွက် ရောင်းတန်းဝင်မှု စသည့် အခြေအနေများနှင့် ကိုက်ညီမှုရှိ မရှိ စနစ်တကျ စမ်းသပ်မှုများ ဆောင်ရွက်သင့်ကြောင်း နေပြည် တော် ခရိုင်စိုက်ပျိုးရေးမန်နေဂျာ အဖြစ်ပါ ဆောင်ရွက်ခဲ့သည့် ゞင်း က အမျိုးသားလွှတ်တော်တွင် တင်ပြဆွေးနွေးခဲ့သည်။

“စိုက်ပျိုးရေးမှာ မြေမှန်၊ မျိုး မှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင် စိုက်ဆိုသော ဆောင်ပုဒ်ရှိပါတယ်။ မိုးစပါးကို စက်တင်ဘာ ၁၅ ရက် ထက် နောက်ကျမစိုက်တို့ဆိုတာ ပညာရှင်တိုင်း သတိထားပါတယ်။ တာဝန်ရှိသူတစ်ဦးက ဇွတ်စိုက် ခိုင်းတဲ့အတွက် ကောင်းပါတယ် ဆိုတဲ့ စပါးမျိုးဟာ တင်း ၂၀ မှ ၅၀ သာ ထွက်ခဲ့တာ နေပြည်တော် ဒေသမှာ မနှစ်က ကြုံတွေ့ကြရပြီး ဖြစ်ပါတယ်”ဟူ၍ ဦးမှတ်ကြီးက ဆွေးနွေးပြောဆိုသည်။

နေပြည်တော်တွင် ရှေ့ပြေး စီမံချက်အနေဖြင့် ပြီးခဲ့သည့်နှစ် ကတည်းက စတင်ခဲ့ပြီး အခြား ဒေသများသို့ပါ ပျံ့နှံ့စေရန် ဆောင် ရွက်လျက်ရှိသော ယင်းစပါးမျိုး ကို စိုက်ပျိုးလိုသည့် ပဲခူးတိုင်း ဒေသကြီးမှ လယ်သမားတစ်ဦး ဖြစ်သူ ကိုတင်ထွန်းက “ရုပ်မြင်သံ ကြားမှာတွေ့လို့ အလျင်လိုရွာကို လာစုံစမ်းတာ။ ဧက ၃၀ လောက် စိုက်တဲ့ လယ်သမားကြီးက ပြော တယ်။ မစိုက်ချင်နဲ့တဲ့။ ငါတို့က နှစ်သိန်းကို အတိုးမပါဘဲရတယ်။ လေးသိန်းဈေးဆိုတဲ့အာမခံလည်း ရှိတယ်။ ဒီဟာစိုက်ရင် ရေကော၊ နည်းကော၊ ရိတ်တာ သိမ်းတာ ကောရလို့ စိုက်တာတဲ့” ဟူ၍ ၄င်း ၏ စုံစမ်းသိရှိမှုကို ပြန်လည်ပြော ဆိုသည်။

နေပြည်တော်ဒေသခံ ဆန် စက်လုပ်ငန်းရှင်ကိုနေစိုးကလည်း “ပြောသာပြောနေတာ။ တင်း ၂၀ဝ တကယ်ထွက်တယ်ဆိုတာ မကြားသေးဘူး။ တက ယ်သာ ထွက်ရင် ကျွန်တော်တို့လို ပွဲစား ကုန်သည်တွေ၊ ခင်ဗျားတို့လို မီဒီ ယာတွေ၊ လယ်သမားတွေကို ခေါ် ပြီး ရှေ့မှာတင် ရိတ်သိမ်းပြလိုက် ပေါ့။ နောက်ပြီး ဝယ်တဲ့ကုမ္ပဏီ တွေလာ ဦးမယ် သာ ပြောတာ လောလောဆယ်ထိတော့ ဒီကုမ္ပ ဏီတစ်ခုကပဲ ဝယ်နေတာတွေ့ တယ်”ဟူ၍လည်း ၄င်း၏အမြင် ကို ပြောကြားခဲ့သည်။

7Day News

ကြော်ငြာများ