ဒုတိယ အကြိမ်မြန်မာ့ အလုပ်အကိုင် အခွင့်အလမ်း ပြပွဲအား ယခုလ ၂၄ ရက်မှ ၂၆ရက်အထိရန်ကုန်မြို့ တပ်မတော်ခန်းမ၌ ကျင်းပ မည်ဖြစ် ကြောင်း မြန်မာနိုင်ငံ လူငယ်စွန့်ဦး တီထွင် လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများက ပြောသည်။
အဆိုပါပြပွဲတွင် ပြခန်းပေါင်း ၁၃၀ ခန့် ပါဝင် မည်ဖြစ်ပြီး ပြည်တွင်း နာမည်ရကုမ္ပဏီများအပြင် နိုင်ငံခြားကုမ္ပဏီများလည်း ပါဝင်မည် ဖြစ်ရာ ထိုပြပွဲ၌ အလုပ်လျှောက်လွှာ လက်ခံခြင်း၊ လူတွေ့ အင်တာဗျူး များပြုလုပ်ခြင်းနှင့် အလုပ်ခန့်အပ်ခြင်း များလည်း ပြုလုပ် သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။ " အရင်ပွဲတွေမှာ ကုမ္ပဏီတွေ ဘက်က သူတို့ လိုချင်တဲ့ပုံစံနဲ့ သိပ်မကိုက်တဲ့အတွက် အခုဒီပြပွဲမှာ ကုမ္ပဏီကြီးတွေလည်းပါတဲ့အတွက် လာလျှောက်တဲ့သူတွေကိုပြောချင်တာက ကိုယ့်အရည်အချင်း ကိုယ်ဖြည့်ပြီးလာခဲ့ပါ။ ဒီအခွင့်အရေးက ရခဲတဲ့အတွက်ပါ" ဟု အမှုဆောင် ဒါရိုက်တာဒေါ်ခင်သက်မော်က ပြောသည်။
ယခု ပြုလုပ်ကျင်းပမည့် ပြခန်းတစ်ခန်းလျှင် ကျပ်နှစ်သိန်းခွဲမှ သုံးသိန်းခွဲအထိရှိသည်။ ပထမအကြိမ် အလုပ်အကိုင်ပြပွဲသို့ လူတစ် သောင်းခန့် လာရောက်ခဲ့ကြသည်။ အလုပ်လျှောက်သူဦးရေမှာ ပြခန်းတစ်ခန်းလျှင် ၁၀ဝ ကျော်မှ နှစ်ထောင်ခန့်ရှိပြီး အလုပ်အကိုင် ရရှိ သူဦးရေမှာ ခန့်မှန်း ၁၀-၁၅ ရာခိုင်နှုန်းခန့်ရှိခဲ့ကြောင်း ယင်းပွဲစီစဉ်သူများက ပြောသည်။