မင်္ဂလာဒုံ စက်မှုဇုန်ရှိ ADk အထည်ချုပ် စက်ရုံမှ အလုပ် ထုတ်ပယ်ခြင်း ခံရသော အလုပ်သမား ၉ဦးအနက် ၇ ဉ်ီးကို လုပ်ငန်းခွင်အတွင်း မူလရာထူးဖြင့် ပြန်ခန့်အပ်ရန် ခုံသမာဓိကောင်စီက ယနေ့ ဆုံးဖြတ်ခဲ့သည်။
အဆိုပါ အလုပ်သမား ၉ဦးသည် အလုပ်သမားအဖွဲ့အစည်းဖွဲ့ရန် စည်းရုံး လှုပ်ရှားရာတွင် လုပ်ငန်းခွင်စည်းကမ်းများနှင့် မကိုက်ည်ီဟုဆိုကာ ကုပ္မဏီမှ ဇွန်လဆန်းကအလုပ် ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ အလုပ် ထုတ်ပယ်ခံခဲ့ရသည့်ဇွန်လဆန်းကတည်းက အလုပ်သမားတို့ မှ မြို့နယ်ဖြန်ဖြေရေး အဖွဲ့ သို့ တိုင်ကြားခဲ့ရာ သက်ဆိုင်ရာမြို့ နယ်အဆင့်တွင် ဖြေရှင်းပြေလည်မှုမရရှိခဲ့သဖြင့်တိုင်းအဆင့်ခုံသမာဓိအဖွဲ့မှ ဆက်၍ဖြေရှင်းခဲ့သည်။ထိုမှတဆင့် ဗဟို ခုံသမာဓိကောင်စီမှ ဆက်လက်ဖြေရှင်းပေးခဲ့ခြင်းဖြစ်သည်။ ထို အမှုကို ဇူလိုင် ၂၈ ရက်နေ့ တွင် စတင်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ယနေ့ ညနေ ၃နာရီခန့် တွင်ယခု ဆုံးဖြတ်ချက်ကို ချခဲ့ခြင်းဖြစ်သည်။
ခုံသမာဓိကောင်စီ၏ဆုံးဖြစ်ချက်အရ အလုပ်ပြန်လည်ရရှိသည့် အလုပ်သမား ရ ဦးမှာ အခြေခံစက်ချုပ် လုပ်သားများဖြစ်ကြပြီး အမျိုးသမီး ၅ ဦးပါဝင်ကြောင်းသိရသည်။ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ခွင့်မရသူနှစ်ဦးမှာ ယခင်၂ နစ်ကျော်ကတည်းက လုပ်ငန်းခွင်စည်းကမ်းချိုးဖောက်မှုအချို့ကြောင့် ၀န်ခံကတိလက်မှတ်ရေးထိုးထားသူတို့ ဖြစ်သည်ဟုသိရသည်။