YOYARLAY

ပဲခူး လေဆိပ်အား အကြီးဆုံး လေဆိပ် အဖြစ် ရင်းနှီးမြုပ်နှံ မှုများ ဖိတ်ခေါ်မည်

ပဲခူး လေဆိပ်အား အကြီးဆုံး လေဆိပ် အဖြစ် ရင်းနှီးမြုပ်နှံ မှုများ ဖိတ်ခေါ်မည်ဟံသာဝတီ အပြည်ပြည် ဆိုင်ရာလေဆိပ် (ပဲခူး ) အား မြန်မာနိုင်ငံ၏ အကြီး ဆုံး လေဆိပ် အဖြစ် ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုများ ဖိတ်ခေါ် တည်ဆောက် သွားမည်ဖြစ်ကြောင်း လေကြောင်း ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ လာမည့်နှစ်များ၌ ခရီးသည်ဝင်ရောက်မှုမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် တစ်ခုတည်းဖြင့် လုံလောက်မှု မရှိနိုင်ခြင်းကြောင့် အဆိုပါလေဆိပ်ကို တည်ဆောက် ရခြင်းဖြစ်သည်။

လေဆိပ်တည်ဆောက်မှုကို ၂၀၁၃ ခုနှစ်ဇူလိုင်လတွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာ အပြီးတည်ဆောက်သွားမည်သည်။ ဟံသာဝတီလေဆိပ် ဆောက်လုပ်ပြီးစီးလျှင်လည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ယခင်အတိုင်း ဆက်လက်လည်ပတ်သွားမည်ဖြစ်ကြောင်း လေကြောင်းညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောသည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်း ကို ၁၉၉၀ ခုနှစ်မှ စတင်ရေးဆွဲခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် စီမံကိန်းစတင်နိုင်ခဲ့ပေမယ့် ၂၀၀၃ ခုနှစ်တွင် အကြောင်းအမျိုးမျိုးကြောင့် ရပ်နားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Popular News

ကြော်ငြာများ