ကားအရောင်း စင်တာများမှ တစ်ဆင့် တင်သွင်းသည့် ကားများ အတွက် ကုန်းလမ်း ပို့ဆောင်ရေး ဦးစီးဌာနတွင် ယာဉ်မှတ်ပုံတင်စာ အုပ်ရရှိရန် အချိန် ကြန့်ကြာ နေခြင်းကို ဖြေရှင်းပေးနိုင်ရန် ကား တင်သွင်းသည့်သူများ စုစည်းပြီး ကားအရောင်းစင်တာများမှ တစ်ဆင့်သမ္မတထံ တိုက်ရိုက်တင်ပြ သွားရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။
ကားအရောင်းစင်တာမျာ မှာ ကားဝယ်ယူသူများအတွက် ၀န်ဆောင်မှုပေးမည်ဟု ကြေညာထားသော်လည်း ယာဉ်မှတ်ပုံတင် စာအုပ်ရရှိရန် အချိန်ကြန့်ကြာသည့် အတွက် အခက်အခဲကြုံ ရကြောင်း ကားအရောင်းစင်တာ အချို့မှ တာဝန်ရှိသူများက ပြော သည်။ ''ကာယကံရှင်တွေက ပြဿ နာလုပ်တယ်။ မတတ်နိုင်ကြတော့ ဘူး။ ဒီလိုဆိုရင်တော့ တိုင်ကြဆိုတော့ သူတို့ဘာသာ သူတို့စုပြီး လုပ်ကြတာ''ဟု ဆာကူရာကားအ ရောင်းစင်တာမှ ဥက္ကဋ္ဌဦးဌေးအောင်က ယခုလ ၂၄ ရက် ကားလုပ်ငန်း ရှင်များ တွေ့ဆုံသည့် အစည်းအ ဝေးတွင်ပြောသည်။ ''နှစ်လ သုံးလကြာနေတဲ့အတွက် ကား Showroom တွေ အ ကုန်လုံးက ဖြေရှင်းနေရတယ်။ ဒါတွေကို အစည်းအဝေးမှာလည်း ပြောပြီးပြီ။ အခုထက်ထိလည်း ပြေလည်မလာဘူး။ ထူးခြားမလာ လို့ သမ္မတကြီးဆီ တင်ရတာ''ဟု ၎င်းင်းကပြောသည်။
သမ္မတထံသို့ ကားအရောင်း စင်တာများမှတဆင့် တစ်ပတ်အတွင်း တင်သွင်းမှာယူသည့် ကား တင်သွင်းသူ၏ပါမစ်၊ ကားမှတ်ပုံ တင်ကြေး သွင်းရာတွင် ရရှိထားသည့် စလစ်၊ မှတ်ပုံတင်မိတ္တူနှင့် သန်းခေါင်စာရင်းမိတ္တူတို့ကို စု စည်းတင်ပြသွားမည်ဖြစ်ကြောင်း ၎င်းင်းကပြောသည်။ ကားအရောင်းစင်တာများက ကားမှာယူသူများ၏ မကျေနပ်မှု များနှင့် ကြုံတွေ့နေရခြင်းကြောင့် သက်ဆိုင်ရာဌာနသို့ အချိန်ကာလ ကြာမြင့်ရခြင်းကို မေးမြန်းရာတွင် နေပြည်တော်သို့ တင်ပြ ထားပြီး ဖြစ်ခြင်းကြောင့် စောင့်ဆိုင်းရန် သာ ပြန်လည်ဖြေကြားကြောင်း ကားအရောင်းစင်တာများကပြော သည်။ ယင်းနှင့်ပတ်သက်၍ ကညနမှ တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းရာ အောက်ပါအတိုင်းဖြေကြားခဲ့သည်။
''အနည်းဆုံး တစ်ရက်ကို အစီးရေ ၃၀၀ လောက်ရှိတယ်။ ဘာပဲပြောပြော စစ်ဆေးတဲ့အတွက် ကာလတစ်ခုအတွက် ရှိတာပဲ။ တစ်စီးတည်းဆိုရင် ကိစ္စမရှိဘူး။ နေ့တဓူဝ ဒီလိုပဲ ရာနဲ့ချီပြီး သွားနေရကြတာ။ အဲဒီပေါ်မှာ ငွေသွင်းပြီးတော့မှ ရတာ။ ငွေမသွင်းရင် မရဘူးပေါ့။ အစီးတိုင်းကြာနေတာမဟုတ်ဘူး။ မှတ်ပုံ တင်ခသွင်းပြီးသွားရင်တော့ လနဲ့ချီပြီး ကြာတယ်။ အခုဆိုရင်တော့ နှစ်ပတ်လောက်ထိ သွားနေတယ်။ ဒါကို သက်ဆိုင်ရာလူကြီးတွေက ကွန်ပျူတာတွေနဲ့ ၀န်ထမ်းအင်အား ထပ်ဖြည့်ပြီးတော့ တိုးလုပ်နေကြတယ်။ သင်္ဘော သားပါမစ်ဆိုရင်တော့ ဘာမှကိစ္စမရှိဘူး။ ငွေထုတ်ပြီးသွားရင် စာအုပ်ထုတ်တဲ့အခါ တစ်ပတ်ကနေ နှစ်ပတ်လောက်ထိကြာတယ်။ ဒီ ဘက်တစ်ဖက်တည်း မဟုတ်ဘူး။
ဟိုဘက် (Car Showroom)ကလည်း လုပ်စရာ ရှိတာကို ကြိုးစားလုပ်ရမယ်။ ပုံမှန်သွားရင်တော့ ကားတစ်စီးက တနင်္လာနေ့အပ်ရင် တစ်ပတ်လောက်ပဲ ကြာတယ်။ တစ်ခါတလေ အခန့်မသင့်ရင် နှစ်ပတ်လောက်ကြာတတ်တယ်။ ဒီလောက်ပါပဲ။ အခုပြောနေ တဲ့ နှစ်လ၊သုံးလက ယာဉ်စစ်တဲ့ရက်က စပြီးပြောနေကြတာ။ အခုဆိုရင် လုပ်စရာရှိတဲ့ အစီးရေ ၂၀၀၀လောက်ရှိတယ်''