YOYARLAY


Back ပင်မစာမျက်နှာ ပြည်တွင်း ပြည်တွင်းသတင်းများ အောက်မြန်မာပြည်သတင်း MBA အမ်ဘီအေဘွဲ့ရများ၏ ၂၀၁၂ ခုနှစ် မိတ်ဆုံ ညစာစားပွဲကျင်းပမည်

MBA အမ်ဘီအေဘွဲ့ရများ၏ ၂၀၁၂ ခုနှစ် မိတ်ဆုံ ညစာစားပွဲကျင်းပမည်

ရန်ကုန် စီးပွားရေး တက္ကသိုလ် အမ်ဘီ အေသင် တန်း စတင်ခဲ့သည် ၁၉၉၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်များအထိ အချိန်ပြည့် နေ့ သင်တန်းနှင့် ညနေပိုင်း Executive MBA သင်တန်းအသီးသီးမှ ဘွဲ့ရရှိခဲ့သူ ကျောင်းသူ/သားများ၏ နှစ်စဉ်ဆုံဆည်း ခြင်း အထိမ်းအမှတ် စုံညီမိတ်ဆုံညစာ စားပွဲကို ရန်ကုန်မြို့ မရမ်းကုန်မြို့နယ်၊ မင်းဓမ္မလမ်းရှိ Myanmar Convention Centre(MCC) ခန်းမတွင် လာမည့် ၂၀၁၂ ခုနှစ်၊ မတ်လ(၇)ရက်၊ ဗုဒ္ဓဟူးနေ့ (တပေါင်းလပြည့်နေ့) ညနေ ၆ နာရီတွင် အစဉ်အလာမပျက် စည်ကားသိုက်မြိုက် စွာ ကျင်းပမည်ဖြစ်သည်။ အမ်ဘီအေသင်တန်းများတွင် ပို့ချခဲ့၊ ပို့ချဆဲဖြစ်သော ဆရာကြီး ဆရာမကြီးများ ကို တွေ့ဆုံဂါရဝပြုရင်း နှစ်အသီးသီး၊ အတန်းအသီးသီးမှ မိတ်ဆွေသူငယ်ချင်း များ တပျော်တပါးပြန်လည်ဆုံတွေ့ကာ အမ်ဘီအေမိသားစုဝင်များအားလုံး ချစ်ခင် ရင်းနှီးစွာ ဆက်သွယ်ပေါင်းစည်းနိုင်ရန် ရည်ရွယ်စီစဉ်ကျင်းပကြောင်း သိရှိရသည်။ နှစ်ပတ်လည်အမျိုးသား၊ အမျိုးသမီး ဂေါက်သီးရိုက်ပြိုင်ပွဲကိုပါ ကျင်းပမည်ဖြစ် ပြီး Door Gift များ စိတ်ဝင်စားဖွယ်ကံစမ်း မဲများ၊ တေးဂီတနှင့်ဖျော်ဖြေရေးအစီအစဉ် များ တစ်မူထူးခြားစွာ စီစဉ်ထားသော ကြောင့် အမ်ဘီအေမိသားစုဝင်များ ဖြစ်မြောက်ရေးကော်မတီက နှိုးဆော်ထား သည်။ေ အာက်ပါဖု န်းနံပါတ်များကို ဆက် သွယ်၍ သိလိုသည်များကို မေးမြန်းစုံစမ်း နိုင်ပြီး မိတ်ဆုံစားပွဲ ဖြ စ်မြောက်ရေး အတွက် အဖက်ဖက်မှ ဝိုင်းဝန်းကူညီပံ့ပိုး ပေးနိုင်ကြောင်း သိရှိရသည်။ မိတ်ဆုံစားပွဲဖြစ်မြောက်ရေး ကော်မ တီ ကိုဝင်း ထွဋ်အောင် ဝ၉-၅၀ဝ၀ ၄၀၅၊ မသူဇာချ ယ် ဝ၉-၅၀၂၀၈၄၄၊ ကိုအောင်မင်း ဝ၉- ၅၀၇၅၁၈၁၊ ကိုမင်းဦး ဝ၉-၅ ဝ၀၇၁၆၆၊ ကိုသက်လွင်ရွှေ ဝ၉- ၈၆၀ဝ ၆၅၅၊ ကိုတ င်မောင်ဦး ဝ၉-၅၀၁၇ ၅၃၁၊ ကိုအောင်နိုင်ဝင်း ဝ၉ -၇၃၃၂၂၉၉၀၊ မခင်သ က်မော် ဝ၉ -၅၀၁၁၉၁၃၊ ကိုမောင် မောင် လတ် ဝ၉-၅ ဝ၀၇၂၄၉၊ မခင်သက် ခိုင် ဝ၉ -၄၃၀၂၄၂၀ ဝ၊ ကိုမြမိုးအောင် ဝ၉- ၅၀၂၂ ၆၇၇၊ ကိုဝင်းထွန်း ဝ၉- ၅၀ဝ၀၆၉၉၊ မချိုသီရိမောင် ဝ၉-၅၀၁၈၅၅၀၊ ကို ကော င်းငြိမ်းစိုး ဝ၉-၄၃၀၉၄၃၁၇၊ ကိုလှထွန်းဖြူ ဝ၉ -၇၃၀ဝ၀၁၉၉၊ ကိုနေ လင်းဇ င် ဝ၉-၅၁၄ ၈၈၃၉၊ ကိုမင်းသူ ဝ၉- ၅၁၂၄ ၄၂၂၊ ကိုသိန်းဦး ဝ၉ -၅၀၁၉၁၈၄၊ ကိုဝင်း အောင် ဝ၉ -၇၃၀၉၀၁၂၅၊ မဟေ မာန်ထ က်တင် ဝ ၉-၅၀၇၃၁၆၀ တို့သို့ ဆက် သွယ်စုံစမ်းနို င်ပါသည်။

အခွင့်အလမ်း
  • Comment
  • Facebook Comment