အရက်အတု ထုတ်လုပ်ရောင်းချ နေတဲ့သူကို ဖမ်းမိပြီ

5-8-2020-yyl-031.jpg

မတ် (၁၇) ရက် နေ့လယ်ပိုင်းက လှိုင်မြို့နယ် ပိတောက်ချောင်း နယ်မြေရဲစခန်းမှူးနဲ့ အဖွဲ့ဟာ သက်သေများနဲ့အတူ လှိုင်မြို့နယ် အမှတ် (၄)ရပ်ကွက် ၊ ရတနာမွန် (၂) လမ်း၊ အမှတ် (၁၃) နေအိမ်ခြံဝန်းအတွင်း နိုင်ငံခြားဖြစ် အရက်မျိုးစုံကို ရောစပ်အတုပြုလုပ်နေတယ်လို့ သတင်းရတာကြောင့်သွားရောက်ခဲ့ရာ အမှတ် ၅ ရပ်ကွက် ရတနာမွန် ၃ လမ်းထိပ်အရောက်မှာ ယာဉ်မောင်း ထိန်လင်း (၃၆) နှစ် မောင်းနှင်လာတဲ့ ကားကို စစ်ဆေးခဲ့ပါတယ်။

ဒီလိုစစ်ဆေးတဲ့အခါမှာ ယာဉ်ပေါ်မှာ နိုင်ငံခြားဖြစ် အရက်မျိုးစုံ အတုပြဳလုပ်ဖို့သုံးတဲ့ ဘောစိတွေ၊ ဝါရှာပြားတွေ၊ Red Label နဲ့ Black တံဆိပ်ပါ စက္ကူဖာ နဲ့ Chivas Regal တံဆိပ်ပါ စက္ကူဖာတွေ၊ Red Label တံဆိပ်ပါ ပုလင်းအဖုံးခွံတွေ၊ အရက်ရောစပ်ရာမှာ အသုံးပြုတဲ့ အရောင်တင်ဆီ ပုလင်းတို့ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီလိုတွေ့ရှိတာကြောင့် ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းခဲ့ရာမှာ အမှတ် (၅) ရပ်ကွက် ၊ ရတနာပုံ (၃)လမ်း ၊ ခြံအမှတ် (၅၀) နေ ဦးတင်ထွန်း (၅၂) နှစ် ဆိုသူရဲ့ စေခိုင်းချက်ကြောင့် သယ်ဆောင်လာတာဖြစ်တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

စစ်ဆေးချက်သိရှိမှုကြာင့် ရဲတပ်ဖွဲ့က ဦးတင်ထွန်းနေအိမ်ကိုရှာဖွေခဲ့ကာ အဲဒီအိမ်မှာ နိုင်ငံခြားဖြစ် အရက်မျိုးစုံ အဖုံးတစ်အိတ်၊ ပုလင်းတံဆိပ်ကပ်ရာမှာ အသုံးပြုတဲ့ Gun ၃ ခု၊ ကော်ချောင်း ၁ ထုတ်ကို သိမ်းဆည်းရမိခဲ့ပါတယ်။

ထပ်မံစစ်ဆေးတဲ့အခါမှာ အမှတ် (၄) ရပ်ကွက်၊ ရတနာမွန် (၂) လမ်း၊ ခြံအမှတ် (၁၃) မှာ နိုင်ငံခြားဖြစ်အရက် ပုလင်းမျိုးစုံထဲမှာ ပြည်တွင်းဖြစ်အရက်များနဲ့ ရောစပ်ထားတဲ့အရက်ပုလင်းတွေကို တွေ့ရှိခဲ့ပါတယ်။ အဲဒီနေအိမ်ထဲမှာ Glan Master ၄၀ ဖာ၊ Kingdon တံဆိပ် ၄၅ ဖာ၊ Dunfife တံဆိပ် ၂၂ ဖာ၊ High Commissioner တံဆိပ် ၃၂ ဖာ၊ Columbus တံဆပ် ၂၂ ဖာ၊ High Commissioner တံဆိပ် ၃၂ ဖာ၊ Columbus တံဆိပ် ၈ ဖာ နဲ့ နိုင်ငံခြားဖြစ်အရက်ပုလင်း အခွံမျိုးစုံ ၂၅ ဖာကို ရှာဖွေသိမ်းဆည်းမိခဲ့တယ်လို့ ပိတောက်ချောင်း နယ်မြေရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

Thar Ko (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top