YOYARLAY

အရိုးအဆစ်တွေသန်မာဖို့ “နို့”က အရေးအကြီးဆုံးလား

အရိုးအဆစ်တွေသန်မာဖို့ “နို့”က အရေးအကြီးဆုံးလားနွားနို့မှာပါတဲ့ ကယ်လစီယမ် ဓာတ်ဟာ အရိုးနဲ့ သွားတွေကို ကျန်းမာ ကြံ့ခိုင် စေပါတယ်။ ဒါပေမယ့် ယခုအချိန်မှတော့ ဆေးပညာရှင်များဟာ ကယ်လစီယမ်ဓာတ်ရဖို့ စားသုံးမှုမှာ နွားနို့ထက် ပဲအမျိုးအမျိုး၊ပန်းမုန်လာနဲ့ တိုဟူးလို အစားအစာတွေဟာ ကျန်းမာရေးနဲ့ ပိုမိုညီညွှတ်တယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့ကြပါပြီ။

လိမ္မော်သီးဖျော်ရည်နဲ့ ပဲနို့တို့ကလည်း ကယ်လစီယမ်ဓာတ်ရရှိစေပါတယ်။ အရိုးအဆစ်တွေ သန်မာဖို့ ကယ်လစီယမ်ဓာတ်အပြင် နေရောင်ခြည်မှရရှိတဲ့ ဗီတာမင်ဒီနဲ့ ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ခန်းလုပ်ဖို့လည်း လိုအပ်ပါတယ်။ အိန်ဂျယ်လေးတို့လည်း အရိုးအဆစ်တွေသန်မာစေဖို့ ကိုယ်လက် လေ့ကျင့်ခန်းတွေ များများလုပ်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

ဦးဦးသတင်းထောက်

Angel Kids

ကြော်ငြာများ