YOYARLAY

ရှေးနှစ်ပေါင်းများစွာမှ ပန်းပွင့်များ

သိပ္ပံပညာ ရှင်များဟာ ရုရှနိုင်ငံ ဆိုက်ဘေးရီးယား ဒေသမှ ရှေးနှစ်ပေါင်း (၃၁၈၀၀)

သက်တမ်းရှိ သစ်ပင်မျိုးစေ့တစ်စေ့ကို ရှာဖွေတွေ့ရှိခဲ့ရာမှ ထိုမျိုးစေ့ကို ဓာတ်ခွဲခန်း အတွင်း စိုက်ပျိုးကြည့်သောအခါ အပင်ပေါက်လာ၍ ပန်းပွင့်များ ပွင့်လာကြောင်းတွေ့ရှိရသည်။

ဆိုက်ဘေးရီးယားဒေသတွင် လွန်ခဲ့သော နှစ်ပေါင်းများစွာက မျိုးသုဉ်းသွားပြီဖြစ်သော အမွေးရှည်ဆင်ကြီးများ၊ ကြံကြီးများ နေထိုင်ကျက်စားခဲ့ကြသည်။ ရှဥ့်များက သစ်သီးများ မျိုးစေ့များကို မြေကြီးထဲတွင် မြှုပ်ထားခဲ့ကြရာ ထိုမြေသားများမှ ဝင်ရိုးစွန်းဒေသများ ဖြစ်သဖြင့် အစဉ်အေးခဲနေသော နက်ရှိုင်းမြေလွှာများအဖြစ် ယခုတိုင် တည်ရှိနေခဲ့ကြသည်။ (အိန်ဂျယ်လေးတို့ အသီးအနှံတွေကို အိမ်မှာ ရှိတဲ့ရေခဲသေတ္တာထဲမှာ သိမ်းထားသလိုပေါ့)

ဦးဦးသတင်းထောက်

Angel Kids

ကြော်ငြာများ