အီရန်မှ အဇာဘိုင်ဂျန်သို့ မူးယစ်ဆေး မှောင်ခို ကူးရန် ကြိုးပမ်း ခဲ့ မှု တစ်ခုကို အဇာဘိုင်ဂျန် နယ်ခြား စောင့်တပ်ဖွဲ့နှင့် အကောက်ခွန်ဌာနတို့ ပူးပေါင်းဟန့်တားနိုင်ခဲ့ကြောင်း အဇာ ဘိုင်ဂျန်နယ်ခြားစောင့်အဖွဲ့က အင်္ဂါနေ့ တွင် မီဒီယာသို့ ပြောကြားခဲ့သည်။ Azeri ရေပြင်နယ်စပ်သို့ ကျူးကျော် လာခဲ့သော အီရန်လူမျိုး (၂) ဦးကို Astara ဒေသရှိ kaledehne ကျေးရွာ အနီး ကက်စ်ပီယန်ပင်လယ်တွင် ဇွန်လ(၁၃)ရက်နေ့က ထိန်းသိမ်းခဲ့ ကြောင်း ဒေသတွင်းမီဒီယာက ဖော် ပြခဲ့သည်။ လှေရပ်တန့်ရန် အီရန်မူး ယစ်မှောင်ခိုသမားများက ငြင်းဆန် ခဲ့ပြီး ကုန်ပစ္စည်းများကို ပင်လယ်ထဲ ပစ်ချကာ ထွက်ပြေးရန် ကြိုးစားခဲ့ကြ သည်။ ယင်းနောက်လှေကို အဇာ ဘိုင်ဂျန် ကမ်းရိုးတန်းနှင့်(၂.၂) မိုင် အကွာတွင်ကင်းလှည့်နေသောနယ်ခြား စောင့်အဖွဲ့ဝင်များက ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။ သင်္ဘော၏ဗိုက်ထဲမှ ဆေး ခြောက်(၁၀)ကီလိုဂရမ်တွေ့ရှိခဲ့ကြောင်း သိရသည်။ အဇာဘိုင်ဂျန်သည် အီရန် နှင့် နယ်စပ်ကမ်းရိုးတန်း အရှည် (၆၆) မိုင် ကီလိုမီတာထိစပ်နေပြီး အီရန်မှာ မူးယစ်ဆေးများ အထုတ်လုပ်ဆုံး နိုင်ငံ တစ်ခုဖြစ်ကြောင်း အဇာဘိုင်ဂျန်က ထင်မြင်လျက်ရှိသည်။