YOYARLAY

ကြော်ငြာများ

ထင်ပေါ်ကြော်ကြားသတင်းများ

 

နာရေးကူညီမှူအသင်း (ရန်ကုန်)

အရေးပေါ် ကယ်ဆယ်ရေး သတင်းများ

ဆက်သွယ်ရန်

 

အာဖဂန်နစ္စတန်တွင် (၃)ရက်အတွင်း အကြမ်းဖက် တိုက်ခိုက်မှု များကြောင့် လူ ၁၄၈ ဦးသေဆုံး

အာဖဂန်နစ္စတန်တွင် (၃)ရက်အတွင်း အကြမ်းဖက် တိုက်ခိုက်မှု များကြောင့် လူ ၁၄၈ ဦးသေဆုံးတနင်္ဂနွေနေ့ နံနက်ပိုင်းမှစ ၍ အာဖဂန် နစ္စတန်တွင် အကြမ်းဖက် လုပ်ရပ်မှုကြောင့် နေတိုး တပ်ဖွဲ့ဝင် (၅) ဦးအပါအဝင် သေဆုံးသူ (၁၄၈) ဦး အထိ ရှိလာကြောင်း သိရသည်။ မငြိမ် မသက်ဖြစ်နေသည့် နိုင်ငံအရှေ့ပိုင်း ဒေသတွင် တာလီဘန်များ၏ တိုက် ခိုက်မှုကြောင့် နေတိုးစစ်သားတစ်ဦး အင်္ဂါနေ့က သေဆုံးသွားကြောင်း နေ တိုးတပ်ဖွဲ့က အတည်ပြုခဲ့သည်။

နိုင်ငံ တကာလုံခြုံရေး ထောက်ပံ့ကူညီမှု တပ်ဖွဲ့(ISAF) ဝင်တစ်ဦး အာဖဂန် အရှေ့ပိုင်းမှာ ကျဆုံးသွားပါတယ်}} ဟု ISAF ကပြောကြားခဲ့သည်။ တနင်္လာနေ့ကလည်း နိုင်ငံတောင်ပိုင်း တွင် အလားတူ တိုက်ခိုက်ခံရမှု ကြောင့်တခြားISAF စစ်သား တစ်ဦး သေဆုံးသွားခဲ့သည်။ သို့သော်ISAF ၏ ပေါ်လစီအရ သေဆုံးသူများ၏ နိုင်ငံကို ထုတ်ဖော်ခြင်းမရှိခဲ့ချေ။ ဒေသ တွင်းမီဒီယာတစ်ခုကမူ နိုင်ငံတောင် ပိုင်း Uruzgan ပြည်နယ်တွင် တနင်္လာ နေ့က ဩစတေးလျ အထူး တပ်ဖွဲ့ဝင် တစ်ဦး တိုက်ခိုက်ခံရ၍ သေဆုံးသွား သည်ဟု ဖော်ပြခဲ့သည်။

နှစ်စဉ် ပြုလုပ် နေကြ နွေဦးထိုးစစ်ဆင်တိုက်ခိုက်မှု များကို တာလီဘန်များ ပြုလုပ်ခဲ့ သည့် မေလ (၃)ရက်နေ့မှစ၍ အာဖဂန်နစ္စ တန်တွင် အကြမ်းဖက်မှုများ မြင့်တက် လျက်ရှိပြီး တနင်္လာနေ့ညနေပိုင်းက လည်း ကန်ဒါဟာမြို့တွင် အသေခံ ကားဗုံးပေါက်ကွဲမှုကြောင့် ခရီူးသည် (၇)ဦးနှင့် တခြားလူ(၂၃)ဦးဒဏ်ရာ ရရှိခဲ့သည်။ တစ်ဆက်တည်းမှာပင် ပူးတွဲတပ်ဖွဲ့များ၏ ထိုးစစ်ဆင်တိုက် ခိုက်မှု(၁၂)ခုကြောင့် တာလီဘန်(၁၃၂) ဦးသေဆုံးကာ တခြား(၃၄)ဦးကို ဖမ်း ဆီးနိုင်ခဲ့သည်။

Ref: AFP

First Music News
Free Astrology
Love Astrology
Health
Articles

ကြော်ငြာများ

Events

No events

facebook like button big

twitter