YOYARLAY

ကြော်ငြာများ

ထင်ပေါ်ကြော်ကြားသတင်းများ

 

နာရေးကူညီမှူအသင်း (ရန်ကုန်)

အရေးပေါ် ကယ်ဆယ်ရေး သတင်းများ

ဆက်သွယ်ရန်

 

ပါရာဂွေး အထက်လွှတ်တော်က သမ္မတ လူဂိုကို အပြစ်ရှိကြောင်း တရားစွဲ ဖယ်ရှား

ပါရာဂွေး နိုင်ငံ၏ အထက် လွှတ်တော်သည် မြန်ဆန်သည့် စွပ်စွဲ ပြစ်တင် စီရင်ချက်ဖြင့် ပါရာဂွေးသမ္မတ “ဖာနန်ဒိုလူဂို” (Fernando Lugo) ကို သမ္မတရုံးမှ သောကြာနေ့တွင် ဖယ်ရှားလိုက် ကြောင်းသိရသည်။ သူဟာ ဒီမိုကရေစီကို တိုက်ခိုက်တဲ့အတွက် ဖြုတ်ချ ရရင်တောင်မှ ရာထူးကဖယ်ရှားရမှာပါပဲဟု ယခင်က ခရစ်ယာန်ဘုန်းကြီး တစ်ပါးဖြစ်သူ လက်ဝဲဝါဒီတစ်ဦးက ဆိုသည်။

သမ္မတ လူဂိုကိုထောက်ခံ ကြသူများက လမ်းပေါ်တက် ဆန္ဒ ပြကြရာတွင် အဓိကရုဏ်း နှိမ်နင်း ရေး ရဲတပ်ဖွဲ့များနှင့် ရင်ဆိုင်လူစု ကွဲပြီးနောက် ဒုတိယသမ္မတဖြစ် သူ ဖေဒါရီကို ဖရန်ကို(Federico Franco) က သမ္မတအဖြစ် ကျမ်း သစ္စာ ကျိန်ဆိုခဲ့သည်။ ဆင်းရဲသား လူတန်းစားကို ကူညီစောင့်ရှောက်မည် ဆိုသည့် ကတိကဝတ်ဖြင့် ရွေးကောက်တင် မြှောက်ခံခဲ့ရသူ ရာထူးကျ သမ္မတ သည် အထက်လွှတ်တော်၏ မဲ ဆန္ဒအပေါ် လိုက်နာပါမည်ဟု ရုပ် သံတွင် လူလုံးပြ ကြေညာပြောဆို ၍ ပဋိပက္ခကြီးဖြစ်မည့် အလား အလာကို ရှောင်လွှဲခဲ့သည်ဟု ဆို သည်။

ပါရာဂွေးနိုင်ငံ၏ ဒီမို ကရေစီကို “နက်နက်ရှိုင်းရှိုင်းဒဏ်ရာရစေခဲ့ပါပြီ”ဟု အထက် လွှတ်တော် မဲဆန္ဒခံယူပြီးနောက် မကြာမီတွင် လူဂိုက ပြောဆိုခဲ့ သည်ဟု ဆိုသည်။ သမ္မတသစ် ဖရန်ကိုက “ဒီ တစ်ကြိမ်မှာတော့၊ ဘုရားသခင်နဲ့ ကံကြမ္မာက ကျွန်တော့်ကို သမ္မတ တာဝန် ထမ်းဆောင်စေချင်ခဲ့ပါပြီ” ဟု အောင်မြင်သည့် လေသံဖြင့် ထုတ်ဖော်ပြောဆိုလိုက်သည်။ အထက် လွှတ်တော်သည် သမ္မတဟောင်း လူဂို ကို ၁၇ ဦး သေဆုံးခဲ့သည့် မြေယာမဲ့ လယ် သမားများနှင့် ရဲတပ်ဖွဲ့တို့အကြား အသေအကျေ ထပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခဲ့ကြသည့်အမှု အပါ အဝင် ၄င်းတာဝန်ထမ်းဆောင်စဉ် ပြစ်မှုငါးမျိုးဖြင့် စစ်ဆေးစီရင်ခဲ့ သည်ဟု သိရသည်။

ငါးနာရီကြာ စစ်ဆေးစီရင်ခဲ့ ပြီးနောက်တွင် အထက်လွှတ် တော်အမတ် ၃၉ ဦးတို့က သမ္မတ လူဂိုကို ထုတ်ပယ်ရန် ဆန္ဒမဲပေး ခဲ့ကြသည်။ အထက်လွှတ်တော် အမတ် ၄ ဦးမှာ ကန့်ကွက်မဲပေး ခဲ့ကြပြီး အမတ်နှစ်ဦး လွှတ်တော် မတက်ခဲ့ချေ။ ပါရာဂွေးနိုင်ငံ၏အောက်လွှတ်တော် ကွန်ဂရက်က သမ္မတ လူဂိုကို ပြစ်တင်ဝေဖန် ထိုက်ကြောင်း မဲပေးဆုံးဖြတ်ခဲ့ပြီး သည့် နောက်တစ်နေ့တွင် ထိုကဲ့ သို့ စစ်ဆေးကြားနာမှု ပေါ်လာခဲ့ ခြင်းဖြစ်သည်ဟု သိရသည်။

လူဂိုလိုလားသူ လူအုပ်ကြီး သည် သမ္မတအပေါ် အပြစ်ရှိကြောင်း စစ်ဆေးစီရင်မှုကို ပြစ် တင် ရှုတ်ချကြောင်း၊ သမ္မတကို ထောက်ခံအားပေးကြောင်း လမ်း ပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။ အစ ပထမတွင် အဆိုပါစစ်ဆေးစီရင် ပွဲသို့ လူဂိုကမတက်ရောက်ဘဲ ၄င်း ကိုယ်စားရှေ့နေကိုလွှတ်၍သမ္မတ နန်းတော်ရှိ ရုပ်သံမှ တစ်ဆင့် စောင့်ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။

လူဂို၏ရှေ့နေက လျှောက်လဲချက် ပေးရန် ၁၈ ရက်မျှ အချိန်ပေးရန် တောင်းဆိုချက်ကို အထက်လွှတ် တော်ကပယ်ချခဲ့သည်။ အဆိုပါ တောင်းဆိုချက်သည်သဘာဝမကျ ကြောင်းအထက်လွှတ်တော် ဥက္ကဋ္ဌ ဂျော့ဂ်ျအိုဗီဒို(Jorge Oviedo)က ပြောဆိုခဲ့သည်။ အသက် ၄၉ နှစ်အရွယ်ရှိ သမ္မတ သစ်ဖရန်ကိုသည်၂၀၁၃ ခုနှစ် ဩဂုတ်လတွင် ကုန်ဆုံးမည့် လူဂို၏ သမ္မတသက်တမ်းအထိ တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။ ဖရန်ကိုသည် ယခင်က ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် နိုင်ငံရေး လုပ်ငန်း အတွေ့အကြုံရှိခဲ့သည် ဟု ဆိုသည်။

မာန်သစ်နိုး Ref: AP

Venus News Journal
Free Astrology
Love Astrology
Health
Articles

ကြော်ငြာများ

Events

No events

facebook like button big

twitter