YOYARLAY

ကြော်ငြာများ

ထင်ပေါ်ကြော်ကြားသတင်းများ

 

နာရေးကူညီမှူအသင်း (ရန်ကုန်)

အရေးပေါ် ကယ်ဆယ်ရေး သတင်းများ

ဆက်သွယ်ရန်

 

အစ္စရေးနိုင်ငံတွင်း တရားမဝင် အခြေချ သူများအား နေရပ်ပြန်ပို့ခြင်း စတင်

အစ္စရေးနိုင်ငံ တွင်းသို့ တရားမဝင် ပြောင်းရွှေ့ အခြေချ သူများအား ပြန်လည်

ပို့ဆောင်မည့် စီမံကိန်း၏ ပထမ အဆင့်အဖြစ် လေယာဉ်ဖြင့် တောင်ဆူဒန်နိုင်ငံ သို့ စတင်ပို့ဆောင်ပေးနေပြီဟု သိရသည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဇွန်လ ၁၇ ရက် အစိုးရ အဖွဲ့အစည်းအဝေးတွင် “တရားမဝင် စိမ့်ဝင်နေထိုင်သူများ အပြည့်ပါရှိသော ပထမဆုံးလေယာဉ်သည် တောင်ဆူဒန်ကို ဦးတည်ထွက်ခွာသွားပြီ” ဟုပြောဆိုခဲ့သည်။ “နိုင်ငံထဲကို တရားမဝင်နည်းနဲ့ ဝင်ရောက် အခြေချနေတဲ့သူတွေကို မူရင်းနိုင်ငံဆီ ပြန်ပို့မယ့် အစိုးရ စီမံကိန်းကို ဒီနေ့ စတင်အကောင်အထည်ဖော်နေပါပြီ” ဟု ဝန်ကြီးချုပ်က အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား ပြောကြားခဲ့ကြောင်း အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ အစ္စရေး အစိုးရ၏ တရားဝင် ထုတ်ပြန်ချက်အရ အိမ်နီးချင်း နိုင်ငံများ၏ နယ်စပ်ဒေသများမှ နိုင်ငံတွင်းသို့ တရားမဝင် နည်းလမ်းဖြင့် ပြောင်းရွှေ့လာသူ အာဖရိကန် ၅၉၀၀၀ ခန့် ရှိကြောင်း သိရသည်။ တရားမဝင် ပြောင်းရွှေ့နေထိုင်သူများမှာ အီရီထရီးယား၊ ဆူဒန်နှင့်တောင်ဆူဒန်တို့မှ အများဆုံးဖြစ်သည်။ ပြောင်းရွှေ့နေထိုင်သူ အချို့မှာ ဒုက္ခသည် စခန်းများတွင် နေထိုင်ခွင့် ရထားသော်လည်း အစ္စရေး အစိုးရကမူ အဆိုပါ ပြောင်းရွှေ့နေထိုင်သူတို့အား နေရပ်တိုင်းပြည်သို့ ပြန်ပို့ရန်သာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ ဆုံးဖြတ်ရခြင်းမှာ နိုင်ငံတွင်းသို့ တရားမဝင် စိမ့်ဝင်နေထိုင်သူဦးရေမှာ တိုးပွားလာလျက်ရှိပြီး မေလတစ်လတည်း၌ ၂၀၀၀ ကျော်ခန့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့ခြင်းကြောင့်ဟု ဆိုသည်။

ထို့အပြင် မြို့တော် တဲလ်အဗစ်တွင်လည်း တရားမဝင် အာဖရိက ပြောင်းရွှေ့နေထိုင်သူများကြောင့် စိုးရိမ်မှု တိုးပွားလျက်ရှိကြောင်း လူမှုရေးအသင်းအဖွဲ့တို့က ဆိုသည်။ ထို့ကြောင့် ဒုက္ခသည်စခန်း အေဂျင်စီများနှင့် အစိုးရ အရာရှိ အချို့က အပြင်းအထန် ကန့်ကွက်မှုရှိသော်လည်း အာဖရိက ပြောင်းရွှေ့နေထိုင်သူ ၁၅၀၀ ခန့်ကို နေရပ်ပြန်လည်ပို့ဆောင်မည့် အစီအစဉ်အား အစ္စရေးတရားရုံးက ယခုလအစောပိုင်းတွင် အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ဟာ တရားမဝင် နည်းလမ်းနဲ့ နိုင်ငံတွင်း ရောက်ရှိနေတဲ့ သူတွေကိုပဲ နေရပ်ပြန်ပို့တာပါ။ အနောက်နိုင်ငံတွေ၊ ဥရောပနိုင်ငံတွေနဲ့ အမေရိကန်တို့မှာလည်း ဒီအတိုင်းပဲ လုပ်ဆောင်လေ့ ရှိပါတယ်” ဟု အစ္စရေး ပြည်ထဲရေးဝန်ကြီး Eli Yishai က ဆိုသည်။ ထို့အပြင် နိုင်ငံတောင်ပိုင်း၌ နယ်စပ်စည်းရိုးများကို တည်ဆောက်နေရာ ဇူလိုင်လတွင် ပြီးစီးမည်ဟုလည်း သိရသည်။အဆိုပါ နယ်စပ်စည်းရိုးများ မပြီးမီ နိုင်ငံတွင်းသို့ ခိုးဝင်ရန် ကြိုးစားသူအားလုံးကို ဖမ်းဆီးထိန်းသိမ်းထားမည်ဟု သိရသည်။

ကျော်ရဲလင်း Ref: CNN

Popular News
Free Astrology
Love Astrology
Health
Articles

ကြော်ငြာများ

Events

No events

facebook like button big

twitter