ကမ္ဘာ့ ပထမဆုံး ဖန်ပြွန် သန္ဓေသားကို မွေးဖွားပေးသူ Lesley Brown (အသက် ၆၄ နှစ်) ဟာ ဇွန်လ ၆ ရက် နေ့က သူမနေထိုင်ရာ Bristol မြို့မှာ သေဆုံးသွားကြောင်း CNN သတင်းမှာ ဖော်ပြထားပါတယ်။
သူမဟာ သူမရဲ့ သမီးLouise ကို ၁၉၇၈ ဇူလိုင်လမှာ Oldham အထွေထွေဆေးရုံကြီးမှာ မွေး ဖွားခဲ့ပါတယ်။Mrs Brown ဟာ သူ့ ခင်ပွန်းJohn နဲ့ လက်ထပ်အပြီး ကိုးနှစ် ကြာတဲ့အထိ ကလေးမရတာကြောင့်ဖန်ြွပန်သန္ဓေသား (IVF) ကုသမှုကို ဒေါက်တာ Patric Steptoe နဲ့ ဒေါက် တာRobert Edward တို့နဲ့ ခံယူခဲ့ပြီး ကလေးမွေးဖွားခဲ့ပါတယ်။
Louise Brown ကို မွေးဖွားပေးပြီး နှစ်နှစ်အကြာ မှာတော့ အဲဒီဆရာဝန်နှစ်ယောက်ဟာ Cambridge မြို့မှာIVF ကုသမှုခံယူနိုင် တဲ့ ဦးဆောင်မှုစင်တာတစ်ခုကို ထူ ထောင်ထားတယ်လို့ သိရပါတယ်။ Lesley ရဲ့ မမျိုးဥသွားရာလမ်း ကြောင်း (Fallopian Tube) ပိတ်ဆို့မှုကြောင့် ကလေးမရခြင်း ဖြစ်တာကြောင့် ဖန်ြွပန်သန္ဓေသားနဲ့ ကလေးရရှိအောင် မွေးဖွားပေးခဲ့ခြင်း ဖြစ်တယ်လို့ သိရပါ တယ်။
သူမသေဆုံးချိန်မှာ ဖန်ြွပန်သန္ဓေ သားနည်းနဲ့ မွေးဖွားခဲ့တဲ့ သူမရဲ့သမီးတွေ ဖြစ်တဲ့Louise နဲ့ Natalie အပြင် မြေး ငါးယောက် ကျန်ရှိခဲ့ပါတယ်။ သူမရဲ့ခင် ပွန်းဖြစ်သူJohn မှာမူ လွန်ခဲ့တဲ့ ငါးနှစ်က တည်းက ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။