YOYARLAY

ကြော်ငြာများ

ထင်ပေါ်ကြော်ကြားသတင်းများ

 

နာရေးကူညီမှူအသင်း (ရန်ကုန်)

အရေးပေါ် ကယ်ဆယ်ရေး သတင်းများ

ဆက်သွယ်ရန်

 

ဝီကီလိခ် တည်ထောင်သူ ပြည်နှင် ဒဏ်ပေးရေး မေ၃၀ ဆုံးဖြတ်မည်

ဝီကီလိခ် တည်ထောင်သူ ပြည်နှင် ဒဏ်ပေးရေး  မေ၃၀ ဆုံးဖြတ်မည် လျှို့ဝှက် သတင်းများအား ဖော် ထုတ်လေ့ရှိသော ဝီကီလိခ်စ် ဝက်ဘ်ဆိုက် တည်ထောင်သူ ဂျူ လီယန် အက်ဆန်းအား ဗြိတိန်နိုင် ငံမှ ဆွီဒင်နိုင်ငံသို့ နှင်ထုတ်မည့် ကိစ္စကို ဗြိတိန် တရား ရုံးချုပ်က မေလ ၃၀ ရက်နေ့တွင် ဆုံးဖြတ် မည်ဖြစ်သည်။ ဂျူလီယန်အက်ဆန်းသည် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလအ တွင်း ဥရောပဖမ်းဝရမ်းဖြင့်ဗြိတိန် နိုင်ငံတွင် ထိန်းသိမ်းခြင်း ခံရပြီး ၄င်းအား မုဒိမ်းမှု၊လိင်ပိုင်းဆိုင်ရာ ပြစ်မှုများနှင့် အလိုရှိနေသော ဆွီ ဒင်နိုင်ငံသို့ပေးပို့မည် မပို့မည်ဆို သည်ကိုဗြိတိန်အမြင့်ဆုံး တရားရုံး ကဆုံးဖြတ် မည်ဖြစ်သည်။

ဂျူလီယန်အက်ဆန်း(၃၀ နှစ်)သည် ဩစတြေးလျနိုင်ငံသား ဖြစ်ပြီး ဖမ်းဆီးခံခဲ့ရချိန်မှစ၍ ဥရောပရေးရာတိုက်ပွဲများ တစ် ဆင့်ပြီးတစ်ဆင့် ဆင်နွှဲခဲ့သည်။ အောက်တရားရုံးတစ်ရုံးမှ ချမှတ် ခဲ့သောဆုံးဖြတ်ချက်အား အထက် တရားရုံးတစ်ရုံးတွင် အယူခံဝင်ခဲ့ ပြီး ယခု နောက်ဆုံးဗြိတိန်တရား ရုံးချုပ်တွင် အယူခံဝင်ခြင်းဖြစ် သည်။ ဗြိတိန်တရားရုံးချုပ်က ၄င်း အမှုအား ထပ်မံပယ်ချခဲ့ပါက မစ္စတာအက်ဆန်းအနေဖြင့် ပြင် သစ်နိုင်ငံ စထရက်ဘော့ဂ်မြို့ရှိ ဂျူလီယန်အက်ဆန်း(၃၀ နှစ်)သည် ဩစတြေးလျနိုင်ငံသား ဖြစ်ပြီး ဖမ်းဆီးခံခဲ့ရချိန်မှစ၍ ဥရောပရေးရာတိုက်ပွဲများ တစ် ဆင့်ပြီးတစ်ဆင့် ဆင်နွှဲခဲ့သည်။

အောက်တရားရုံးတစ်ရုံးမှ ချမှတ် ခဲ့သောဆုံးဖြတ်ချက်အား အထက် တရားရုံးတစ်ရုံးတွင် အယူခံဝင်ခဲ့ ပြီး ယခု နောက်ဆုံးဗြိတိန်တရား ရုံးချုပ်တွင် အယူခံဝင်ခြင်းဖြစ် သည်။ ဗြိတိန်တရားရုံးချုပ်က ၄င်း အမှုအား ထပ်မံပယ်ချခဲ့ပါက မစ္စတာအက်ဆန်းအနေဖြင့် ပြင် သစ်နိုင်ငံ စထရက်ဘော့ဂ်မြို့ရှိ လူ့အခွင့်အရေးဆိုင်ရာ ဥရောပ တရားရုံးသို့ အယူခံဝင်နိုင်သေး ကြောင်းသိရသည်။ ၄င်း၏အမှုတွဲ မှာ နောက်ဆုံးတွင် အမေရိကန် နိုင်ငံသို့ ရောက်ရှိသွားမည်ကို စိုးရိမ်လျက်ရှိကြောင်း ဂျူလီယန် အက်ဆန်းကပြောကြားသည်။ အမေရိကန်တပ်သားဘရက် ဒလေမန်းနင်းမှာလည်း လျှို့ဝှက် စာရွက်စာတမ်းများအား ဝီကီ လိခ်စ်သို့ ပေးအပ်ခဲ့ခြင်းအတွက် အမေရိကန်နိုင်ငံ စစ်ဘက်ဆိုင်ရာ တရားရုံးတွင် အမူရင်ဆိုင်နေရ သည်။

7Day News
Free Astrology
Love Astrology
Health
Articles

ကြော်ငြာများ

Events

No events

facebook like button big

twitter