YOYARLAY

ကြော်ငြာများ

ထင်ပေါ်ကြော်ကြားသတင်းများ

 

နာရေးကူညီမှူအသင်း (ရန်ကုန်)

အရေးပေါ် ကယ်ဆယ်ရေး သတင်းများ

ဆက်သွယ်ရန်

 

ငွေကြေးဆိုင်ရာ အမှားအယွင်းလုပ်မိခြင်း ကြောင့် Baidu ဝန်ထမ်းများအား ဖမ်းဆီး

ငွေကြေးဆိုင်ရာ အမှားအယွင်းလုပ်မိခြင်း ကြောင့် Baidu ဝန်ထမ်းများအား ဖမ်းဆီးတရုတ်နိုင်ငံ၏ အကျော်ကြားဆုံး အွန်လိုင်း ရှာဖွေရေး ဝန်ဆောင်မှု ဖြစ်သည့် Baidu မှ ဝန်ထမ်းသုံးဦးအား ငွေကြေးဆိုင်ရာ အမှားအယွင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် ကုမ္ပဏီမှ သက်ဆိုင်ရာသို့ ဖမ်းဆီးစေခဲ့ကြောင်း သိရသည်။

၎င်းတို့သည် အွန်လိုင်းဝန်ဆောင်မှုများ၏ အချက်အလက်များကို စောင့်ကြည့်လေ့လာရာ၌ တာဝန်ယူထားကြရပြီး ငွေကြေး ရရှိမည့် စာရင်းဇယားများကို ဖျက်ပစ်ခဲ့ကြခြင်းကြောင့် ယခုကဲ့သို့ ဖမ်းဆီးခဲ့ရခြင်းလည်း ဖြစ်သည်။

၎င်းဝန်ထမ်းသုံးဦးနှင့် ဖမ်းဆီးမခံရသည့် အခြားဝန်ထမ်းတစ်ဦး စုစုပေါင်း လေးဦးအား အလုပ်မှ ထုတ်ပယ်ခဲ့ကာ ပြစ်မှုထင်ရှားပါက အရေးယူမှုများ ပြုလုပ်သွားမည်ဟု သိရသည်။

Baidu ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ ဘက်တီဒင်က တရားမဝင် လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ကုမ္ပဏီက အမြဲတမ်း ပြတ်သားခဲ့ပါတယ်။ ငွေပေးချေမှုဆိုင်ရာ အချက်အလက်တွေကို ဖျက်ပစ်တယ်ဆိုတာ မတော်တဆ မဖြစ်နိုင်ပါဘူးဟု BBC သို့ ပြောကြားခဲ့သည်။

itTimes
Free Astrology
Love Astrology
Health
Articles

ကြော်ငြာများ

Events

No events

facebook like button big

twitter