ထိုင်းနိုင်ငံ ဘုရင် မင်းမြတ်၏ မိဖုရား သီရိခေတ်၏ (၈ဝ)နှစ် မြောက် မွေးနေ့ သည် သြဂုတ် ၁၂ ရက်နေ့တွင် ကျရောက် မည် ဖြစ်သည်။ ထိုနေ့ကို ထိုင်းနိုင်ငံ၏ မိခင် များနေ့ အဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံ လုံးတွင် အထိမ်းအမှတ် ပွဲများကို ကျင်းပကြမည်ဖြစ်သည်။ မိဖုရား၏ မွေးနေ့ကို ဂုဏ်ပြု သောအားဖြင့် ကီနိုကုနိယ (Kinokuniya) စာအုပ်တိုက်ကြီးမှ သြဂုတ်တစ်လ လုံးတွင် အမျိုးသမီး များနှင့် သက်ဆိုင်သော စာအုပ်များ ကို ၂ဝ ရာခိုင်နှုန်း လျှော့၍ ရောင်းချ နေကြောင်း သိရသည်။
အမျိုးသမီး စွမ်းရည်ဖြင့် မိမိ ကိုယ်တိုင်နှင့် ပတ်ဝန်းကျင် ကိုပြောင်းလဲ တိုးတက်စေသော စာအုပ်များကိုလည်း ထုတ်နုတ် ကြော်ငြာထားရာ ထိပ်တန်း အောင်မြင်မှု ရရှိနေသည့် အမျိုးသမီးများ ကျော်ဖြတ်ခဲ့သော အခက်အခဲများ၊ ဘဝများ အကြောင်း စာအုပ် များတွင် ဒုတိယမြောက် အဲလိဇဘတ် ဘုရင်မကြီးမှ အစ ဒေါ်အောင်ဆန်းစုကြည် အထိ ဘဝ ဇာတ်ကြောင်း စာအုပ်များ ကိုပါ တွေ့ရှိရသည်။ ဒေါ်အောင်ဆန်း စုကြည် ၏ ဘဝ အကြောင်းကို Peter Popham က ‘The Lady And The Peacock’ ခေါင်းစဉ်ဖြင့် ရေးသားပြီး ISBN 9781846042 508 ဖြင့် ထုတ်ဝေထား သည်။ စာအုပ်ကို ပြုစုသူPeter Popham က အပိုင်း ငါးပိုင်းခွဲ၍ ရေးသားပြုစုထားသည်။ ပထမပိုင်းဝယ် ဒေါ်အောင် ဆန်းစုကြည်၏ ငယ်စဉ် ဘဝနှင့် ပတ်သက်၍ ရေးသား ဖော်ပြထား ပြီး၊ ဒုတိယပိုင်းတွင်မူ မိခင်ကြီး မကျန်းမာခြင်းကြောင့် မြန်မာနိုင်ငံ သို့ ရောက်ရှိလာရခြင်းမှ အစပြုကာ နိုင်ငံရေး နယ်ပယ်ထဲသို့စတင် ရောက်ရှိလာခြင်း အကြမ်းမဖက် လှုပ်ရှားမှုများဖြင့် ကြံ့ကြံ့ခံ တွန်းလှန်ခဲ့ခြင်း အစရှိသည် တို့ ကို ရေးသားထားပါသည်။
တတိယပိုင်းတွင်မူ ပူဆွေး သောက ရောက်ရမှုများ၊ ငါးဦးဂိုဏ်း၊ ရွေးချယ်မှုများ စသည့်ဖြင့် ရေး သားထားပြီး စတုတ္ထပိုင်းတွင်မူ ၁၉၉ဝ ရွေးကောက်ပွဲ တွင် အမျိုး သား ဒီမိုကရေစီပါတီ အပြတ်အသတ် အနိုင်ရခြင်း၊ ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိခြင်း အစရှိသည်တို့ ကို ရေးသား ဖော်ပြထားသည်။ နောက်ဆုံး အပိုင်းတွင်မူ သူ၏ တွေ့ဆုံ ဆွေးနွေးမှုများ၊ သူ၏ ရည် မှန်းချက်များ၊ ရွှေဝါရောင်တော် လှန်ရေး ခွပ်ဒေါင်း၏ အကျိုးသက် ရောက်မှုများ စသည်ဖြင့်ရေးသား ဖော်ပြထားပါသည်။ ထိုစာအုပ်တွင် ဒေါ်အောင် ဆန်းစုကြည် ၏ ရှားပါး ဓာတ်ပုံပေါင်း ၄၃ ပုံ ပါရှိသည်။