မြန်မာနိုင်ငံ အတွင်း နိုင်ငံရေး ပြုပြင်ပြောင်း လဲလာ မှုများကြောင့် ရင်းနှီးမြှုပ်နှံ ခြင်းနှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ အခွင့်အလမ်းများ ပေါ်ပေါက်လာ သဖြင့်ထိုင်းနိုင်ငံ တွင်း၌လည်း စီးပွားရေး လုပ်ကိုင်ရန် အတွက် မြန်မာဘာ သာစကား သင်ယူရန် စိတ်ဝင်စားမှုများ ပိုများလာသည်ဟု သိရသည်။
ထိုင်းနိုင်ငံ ချုလာလောင်ကွန် တက္ကသိုလ်၌ နှစ် ၂၀ ကျော်ကြာ သင်ကြားလျက်ရှိသော ဆရာမဒေါ်သန်းသန်းမြင့်က ယခင်ကဆိုလျှင် သူမ၏ မြန်မာဘာသာ စကားသင်တန်း၌ ကျောင်းသားဦးရေ ပြည့်မီခြင်း မရှိလှဘဲ နည်းပါးခဲ့ကြောင်း ဆိုသည်။ သူမက ''သိပ်မကြာခင်ကတော့ အတန်းသစ်ဖွင့်ပြီလားဆိုပြီး ကျွန်မကို လာစောင့်နေကြတဲ့ သူတွေ တော်တော်တွေ့လာရပါ တယ်။ ဒါပေမဲ့ သင်တန်းက လုပ်ဆောင်နေဆဲမို့ (အသစ်)မဖွင့်နိုင်ပါဘူး။ ဒီလအတွင်းတော့ ဖွင့်ရင် ဖွင့်ဖြစ်မှာပါ''ဟု ရှင်းပြသည်။ ဒေါ်သန်းသန်းမြင့်၏ မြန်မာဘာသာစကားသင်တန်းသည် စုစုပေါင်း စာသင်ချိန် နာရီ ၃၀ ကြာ သင်တန်းဖြစ်ပြီး ကလေးများနှင့် လူကြီးများအတွက် တန်းခွဲများ ခွဲခြား သင်ကြားပေးသည်။
မော်တော်ယာဉ် အစိတ်အပိုင်းနှင့် ကားဟောင်းရောင်းချသူ မစ္စတာပရီချာလတ်ပရီချာပက်ဒီကလည်း''ထိုင်းဟာချမ်းသာတဲ့ မြန်မာတွေအတွက် လာလည်ဖို့ ပထမဦးစားပေးနေရာဖြစ်တယ်ဆိုတာ စီးပွားရေးသမားတစ်ဦးအနေနဲ့ကျွန်တော်သိပါတယ်''ဟု ပြောသည်။ယခုအခါချူလာလောင်ကွန်တက္ကသိုလ်တွင် သင်ကြားနေသော မြန်မာစကားသင် တန်းအောင်မြင်မှုကို အခြေခံ၍ ထိုင်းနိုင်ငံ အနှံ့တွင် သင်တန်းများ ဖွင့်လှစ်ရန် မျှော်လင့်ထားကြောင်း သတင်းက ဖော်ပြသည်။ Ref: CNA