တရုတ် နိုင်ငံ၊ ပေကျင်း ဆေးရုံ များတွင် 2012 European Championship ဘောလုံးပွဲစတင် ကတည်းက မျက်နှာတစ်ခြမ်း လေ ဖြတ်သည့်လူနာများ ပိုမိုများပြားလာ ကြောင်း သိရသည်။ ပုံမှန်အချိန်များ ထက် လူနာအရေအတွက် ၂၀ ရာခိုင် နှုန်း ပိုမိုများပြားလာကြောင်း၊ ဘောလုံးပွဲစောင့်ကြည့်နေသည့် ပရိသတ်များတွင် မျက်နှာပိုင်းဆိုင်ရာ အာရုံကြောရောဂါ ခံစားရနိုင်ခြေ အခွင့်အလမ်းပိုများလာကြောင်း သိရ သည်။ ဘောလုံးပွဲကိုစောင့်ကြည့်ရင်း မျက်နြှွာကက်သားနှင့် အာရုံကြောများ ညောင်းညာကာ တင်းကျပ်လာခြင်း ကြောင့် ဗိုင်းရပ်စ်ပိုးကူးစက်ခံရသည့် အခွင့်အလမ်း များပြားလာကြောင်း သိရသည်။ ပေကျင်းအရေးပေါ် ကုသမှုဌာနက နာတာရှည်ရောဂါ ရှိသူများအနေဖြင့် စိတ်လှုပ်ရှားတင်း ကျပ်ဖွယ်ရာကောင်းသော ဘောလုံး ပွဲများကြည့်ရှုသည့်အခါ ဆေးဝါးများ သောက်သုံးခြင်း စသည့် အကူအညီ များကြိုတင်ပြင်ဆင်ရယူထားသင့် ကြောင်း သိရသည်။