YOYARLAY

ကြော်ငြာများ

ထင်ပေါ်ကြော်ကြားသတင်းများ

 

နာရေးကူညီမှူအသင်း (ရန်ကုန်)

အရေးပေါ် ကယ်ဆယ်ရေး သတင်းများ

ဆက်သွယ်ရန်

 

ATM ဘဏ် စက်ခိုးရန် ကြိုးစားသူ ဗြိတိန် ၂ ဦး ထိုင်းရဲဖမ်း

ထိုင်းနိုင်ငံ ချင်းရိုင် ခရိုင်ဘက်မှာ ဗြိတိသျှ လူမျိုး ၂ ယောက်တို့ဟာ

ဟောလီဝုဒ် ရုပ်ရှင်ဇာတ်ကား တကားဖြစ် တဲ့ Fast Five ထဲကလို ထိုင်း ဘဏ် ၃ ခုရဲ့ ATM စက်တွေကို ခိုးယူဖို့ ကြိုးစားမှုနဲ့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဖမ်းဆီးလိုက်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူ တယောက်က သောကြာနေ့ မှာ ပြောလိုက်ပါတယ်။

သူတို့ ၂ ဦးကတော့ အက်လက်ဇန္ဒြား မီလ်ဘွန်း ( ၂၅ - နှစ်) နဲ့ ရှောင် အက်ဒ၀ါ့ဒ် ထရေ့စီ ( ၃၄ -နှစ်) ဆိုတဲ့ ဗြိတိန်နိုင်ငံသား ၂ ဦးပါဘဲ။

သူုတို့ ၂ ဦးအပြင် နောက်ထပ် တဦးလည်း ရှိနေသေးပြီး စုံစမ်းနေဆဲပါတဲ့။ အဖမ်းခံခဲ့ရတဲ့ ဗြိတိန် ၂ ဦး ကတော့ ရုပ်ရှင်ထဲကလို စွန့်စားခဲ့တာပါလို့ ထွက်ဆိုခဲ့ပါတယ်တဲ့။

အဲဒီ တရားခံအဖြစ် အဖမ်းခံထားရတဲ့ ၂ ယောက် ဟာ ထိုင်းနိုင်ငံမှာ နေထိုင်လာတာ ၁၀ နှစ်ကျော် ကြာနေပြီဖြစ်ပြီး အလုပ်အကိုင်ကလည်း မရှိ၊ ငွေကလည်း လိုနေတာဖြစ်တယ်လို့ ဇွန် ၂၉ ရက်နေ့က ချင်းရိုင်ပို့စ် သတင်းက ရေးထားပါတယ်။

Sue Htunt

ရိုးရာလေး
Free Astrology
Love Astrology
Health
Articles

ကြော်ငြာများ

Events

No events

facebook like button big

twitter