ပါကစ္စတန် နိုင်ငံတွင် ဝန်ကြီးချုပ်သစ် ခန့်အပ်ခဲ့ခြင်း အပေါ် ကြိုဆို လိုက်ကြောင်းနှင့် အိမ်နီးချင်းနှစ်နိုင်ငံ အကြားခိုင်မာသော ပေါင်းစည်းရေးအတွက် မိမိယုံကြည်ကြောင်းဖြင့် အိန္ဒိယဝန်ကြီးချုပ်က ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သိရသည်။
နိုင်ငံတော် ဝန်ကြီးချုပ် အသစ် အဖြစ် သောကြာနေ့က ရွေးကောက် တင်မြောက်ခံခဲ့ရသူ ပါကစ္စတန် ဝန်ကြီးချုပ် “ရာဂျာပါဗေး အာရှ ရာ့ဖ်”(Raja Pervez Ashraf) သည် နိုင်ငံရေး ကသောင်းကနင်း ဖြစ်မှုကို အဆုံးသတ်ရန်ကြိုးပမ်း မည်ဟု ဆိုသည်။
မထီမဲ့မြင် ပြုလုပ်သည်ဟု တရားစွဲဆိုမှုဖြင့် ယခင်ဝန်ကြီးချုပ် ယူဆာ့ဖ်ရေဇာဂျီလနီ(Yousaf Raza Gilani) ကိုဖြုတ်ချခဲ့သည့် တရား သူကြီးများကြောင့် ပါကစ္စတန် ပြည်တွင်း ပဋိပက္ခဖြစ်မှုအပေါ်ဝေဖန်ပြောဆိုခြင်းနှင့် ဝန်ကြီးချုပ် ရာထူးဆက်ခံရေးအမည်စာရင်း တင်သွင်းမည့် ပထမဆုံး ကိုယ်စား လှယ်လောင်းကို ဖမ်းဆီးထားမှု အပေါ် တောင်းဆိုခြင်းတို့ကို အိန္ဒိ ယက ရှောင်ရှားခဲ့သည်ဟုဆိုသည်။ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန် ဆင်း(Manmohan Singh) က ပါကစ္စတန် ဝန်ကြီးချုပ်သစ်ကို ဂုဏ်ပြုကြိုဆိုကြောင်း သောကြာ နေ့တွင် ထုတ်ဖော်ပြောဆိုလိုက် သည်။
“နှစ်နိုင်ငံစလုံးက ပြည်သူ တွေရဲ့အကျိုးစီးပွား အတွက်နယ် ပယ်အသီးသီးမှာပူးပေါင်း ဆောင်ရွက်ရေးကို အားဖြည့်ပြီး အိမ်နီး ချင်းကောင်းပီပီ ကောင်းမွန်တဲ့ ဆက်ဆံရေးကို တညေ် ဆာက် ဖို့နဲ့ နှစ်ဦးနှစ်ဖက် ဆွေးနွေးရာမှာ တိုးတက်မှုရဖို့ ကျွန်တော်တို့ နှစ် နိုင်ငံကဆက်လုပ်ပါ့မယ်”ဟု မန်မို ဟန်ဆင်းက ဆိုသည်။
၁၉၄၇ ခုနှစ်တွင်နိုင်ငံအဖြစ် ခွဲထုတ် ကန့်သတ်လိုက်ပြီးချိန်မှ စ၍ စစ်ပွဲသုံးကြိမ် တိုက်ခိုက်ဖြစ် ပွားခဲ့ဖူးသော အိန္ဒိယနိုင်ငံနှင့် ပါ ကစ္စတန်နိုင်ငံတို့အကြား ဆက်ဆံ ရေးကို နယ်စပ်ဒေသအငြင်းပွားမှု နှင့် အိန္ဒိယနိုင်ငံကို ဆန့်ကျင်တိုက်ခိုက်မည့် ပါကစ္စတန်စစ်သွေြးွက များရှိကြောင်း စွပ်စွဲမှုတို့ကြောင့် ဒုက္ခရောက်ခဲ့ရသည်ဟုဆိုသည်။
အဆိုပါ အိမ်နီးချင်းနှစ်နိုင်ငံ သည် ကက်ရှ်မီးယားရှိ ပိုင်းခြား ထားသည့် ဟိမဝန္တာနယ်မြေအပေါ် တွင် မတည့်အတူနေသကဲ့သို့ ရှိ နေဆဲ ဖြစ်သည်။ ငြိမ်းချမ်းရေးအပြည့်ဖြင့်ဆက်ဆံရေးမှာ မနီးစပ် ခဲ့ပေ။ သို့ရာတွင် စီးပွားရေးအတူ တကွ လုပ်ဆောင်နိုင်သည့် မျှော် လင့်ချက်ဖြင့်ကုန်သွယ်မှု တိုးတက် စေရေးကြိုးပမ်းမှုကို လမ်းဖွင့်ထား လျက်ရှိ သည်ဟု ဆိုသည်။ သို့ရာတွင် အကြမ်းဖက်မှု လူ ကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှု၊ ငွေစက္ကူအတုပြုလုပ်မှုနှင့် ဆိုက်ဘာ ရာဇဝတ်မှုတိုက်ဖျက်ရေးတို့တွင် ပူး ပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် နှစ်နိုင်ငံစလုံးကပြီးခဲ့သည့်လ တွင် သဘောတူထားခဲ့သည်ဟု သိရ သည်။