YOYARLAY

ကြော်ငြာများ

ထင်ပေါ်ကြော်ကြားသတင်းများ

 

နာရေးကူညီမှူအသင်း (ရန်ကုန်)

အရေးပေါ် ကယ်ဆယ်ရေး သတင်းများ

ဆက်သွယ်ရန်

 

Niqab ခြုံအမျိုးသမီးများ၏ ပထမဆုံး ရုပ်သံလိုင်း အီဂျစ်တွင် ထုတ်လွှင့်မည်

Niqab ခြုံအမျိုးသမီးများ၏ ပထမဆုံး ရုပ်သံလိုင်း အီဂျစ်တွင် ထုတ်လွှင့်မည်အီဂျစ်နိုင်ငံတွင် “နီကာ့ဘ်” (Niqab) ခေါ် မျက်နှာပြည့် ပဝါခြုံ အမျိုးသမီး များက လုံးဝစီမံခန့်ခွဲထားသည့် ပထမဆုံး အီဂျစ် ဂြိုဟ်တုရုပ်သံကို သန့်စင်သည့် ရာမာဒန်ဥပုသ်လ၏ ပထမဆုံးနေ့တွင် အမှတ်တရဖြစ်စေမည့် ဇူလိုင်လ ၂၀ ရက် နေ့တွင် စတင်ထုတ်လွှင့်မည်ဖြစ်ကြောင်း အီဂျစ်နေ့စဉ်သတင်း စာတွင် ကြာသပတေးနေ့က ဖော်ပြခဲ့သည်ဟု သိရသည်။

“မာရီယာ”ဟု အမည်ပေးထားသော အဆိုပါ ရုပ်သံလိုင်း သစ်ရှိ ဝန်ထမ်းများအားလုံးနှင့် အစီအစဉ်များတွင် ပါဝင်ကြ မည့် ဧည့်သည်များအားလုံးသည် “နီကာ့ဘ်”ခြုံထားသည့် အမျိုး သမီးများသာ ဖြစ်ကြမည်ဟု အဆိုပါရုပ်သံလိုင်း၏ တာဝန်ခံ ဆာဖာအယ်လ်-ရီဖာအီ(Safaa al-Refaie)က ထုတ်ဖော်ပြော ဆိုခဲ့သည်။ “မာရီယာ”ဆိုသည်မှာ တမန်တော် မိုဟမ္မက်၏ ဇနီးများထဲမှ တစ်ဦးဖြစ်သူ အီဂျစ်သူတစ်ဦး၏အမည်ဖြစ်သည်။

အဆိုပါ ရုပ်သံလိုင်းသစ်၏အစီအစဉ်အများစုမှာ ဘာသာရေး နှင့် အိမ်ထောင်ရေးဘဝကို အဓိကထားမည်ဟုဆိုသည်။ ယခုအခါ အီဂျစ်နိုင်ငံကို မွတ်စလင်ညီနောင်အဖွဲ့တွင် မြစ် ဖျားခံသည့် အစ္စလမ္မစ်သမ္မတ မိုဟာမက်မော်ရ်စီက အုပ်ချုပ် နေပြီဖြစ်သည်။

မာန်သစ်နိုး

Venus News Journal
Free Astrology
Love Astrology
Health
Articles

ကြော်ငြာများ

Events

No events

facebook like button big

twitter