တူရိယာပစ္စည်းတွေ ဖန်တီးရာမှာ အသုံးပြုတဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး အာဖရိကသစ်နက်

1.5.2023-yyl-14.jpg

ကမ္ဘာပေါ်မှာ အမာကျောဆုံး၊ အကျစ်လျစ်ဆုံး သစ်သားအဖြစ် သတ်မှတ်ထားကြတဲ့ အာဖရိကသစ်နက်ကို တူရိယာပစ္စည်းတွေ ဖန်တီးရာမှာ အသုံးပြုလေ့ရှိပါတယ်။ တန်ဖိုးကြီး ပရိဘောဂပစ္စည်းတွေ လုပ်ဖို့လည်း သုံးကြပါတယ်။ ကမ္ဘာ့တန်ဖိုးအကြီးဆုံး သစ်သားတစ်မျိုးဖြစ်ပြီး အာဖရိကရဲ့ အပူပိုင်းဒေသတွေမှာ ပေါက်ရောက်လေ့ရှိပါတယ်။

အပင်ကြီးမျိုးမဟုတ်ဘဲ ၁၅ ပေ၊ ပေ ၂၀ လောက်အထိပဲ မြင့်ပါတယ်။ အာဖရိကသစ်နက်ပင် တစ်ပင်ကြီးထွားလာဖို့ နှစ် ၆၀ လောက်အထိ အချိန်ကြာမြင့်လေ့ရှိပေမဲ့ အလွန်အကျွံ ခုတ်လဲ အသုံးပြုကြတာကြောင့် အာဖရိကသစ်နက်ပင်တွေ မျိုးသုန်းပျောက်ကွယ်မယ့် အန္တရာယ် ရှိနေပါတယ်။

Ref: African Blackwood, Dalbergia melanoxylon

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top