လက်ဗွေရာ ဆိုတာ ဟာ လူသန်း ပေါင်း ဘယ်လောက် များများ တစ်ဦး နဲ့ တစ်ဦး ဘယ်တော့ မှ ထပ်တူမကျတဲ့ လူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်အမှတ် အသား (Identity) ဖြစ်ပါတယ်။ လက်ဗွေရာဟာ လူတစ်ယောက်ရဲ့ဘဝမှာ ဘယ်တော့မှ ပြောင်းလဲသွားတယ်ဆိုတာမျိုး မရှိဘဲ သေတဲ့အထိ တစ်သမတ် တည်း ဖြစ်ပါတယ်။ ဒါကြောင့် လက်ဗွေရာဆိုတာဟာ လူတစ်ဦးမှာ ဘယ်အချိန် မှာ စတင်ဖြစ်ပေါ်လာခဲ့တာလဲဆိုတာ သိချင်ကြပါလိမ့်မယ်။ သန္ဓေသားရဲ့ ၆-၁၃ပတ်အတွင်းမှာ မွေးလာရင် လက်ဗွေရာရယ်လို့ ဖြစ်လာမယ့် ဗွေအရစ် ကလေးများ (Whorls) ဖြစ်ပေါ်နေပြီဖြစ်ပါတယ်။