YOYARLAY

အလုပ်များ သူတို့ စိတ်ဖိစီးမှု လျော့ကျစေရန် စားသင့်သည်များ

food to eatအလုပ်များ တာကြောင့် စိတ်ဖိစီး မှုများနေတဲ့ အခါ အာဟာ ရ ရှိတဲ့ အစား အသောက် ကို ရွေးချယ် စားသောက် မှုမှာလည်း ချို့တဲ့တတ် ပါတယ်။ အစားအသောက်နဲ့ စိတ်ဖိစီးမှုဟာ အပြန်အလှန် ဆက်စပ်မှုရှိနေတယ်လို့ လေ့လာမှုတွေက ဖော်ပြထား တာကြောင့် စိတ်ဖိစီးမှုကင်းစေဖို့ရာအတွက် အာဟာရပြည့်ဝတဲ့ အစားအသောက် တွေကို ရွေးချယ်စားသောက်ဖို့ လိုအပ်ပါတယ်။

(၁) ပရိုတင်းပါသော နံနက်စာကို စားပါ

စိတ်ဖိစီးမှုများနေချိန်မှာ လူအများ စုဟာ အစားအသောက်ကို လျစ်လျူရှု ထားတတ်ကြပါတယ်။ တကယ်တော့ နံ နက်စာကို ပရိုတင်းပါတဲ့ ဥအမျိုးမျိုး၊ အ သား၊ ငါး စတာတွေနဲ့အတူ နို့နဲ့ နို့ထွက် ပစ္စည်းတွေကို မှီဝဲပေးသင့်ပါတယ်။ စိတ် ဖိစီးမှုများနေချိန်မှာ ဗီတာမင်နဲ့ သတ္တု ဓာတ်အစုံပါတဲ့ ဖြည့်စွက်ဆေးတစ်လုံး ကို စတင်မှီဝဲသင့်ပါတယ်။

(၂) နေ့လယ်စာမှာ သစ်သီးနှင့် ဟင်းသီးဟင်းရွက်ပါဝင်အောင် စားပါ

ဘယ်လောက်ပဲ အလုပ်များများ နေ့လယ်စာမစားဘဲ မနေပါနဲ့။ နေ့လယ် စာမှာ ဟင်းသီးဟင်းရွက်ပါအောင် စား သင့်သလို နေ့လယ်စာစားပြီးချိန်မှာ သစ်သီးတစ်လုံးကို စားပေးလိုက်ပါ။ စိတ်လန်း ဆန်းမှုကို ရရှိစေပါတယ်။

(၃) ညစာကို နောက်ကျမှ အများကြီး မစားပါနှင့်

ညစာကို ညဥ့်နက်မှ အများကြီး စားတာမျိုးကို ရှောင်ပါ။ ညစာမှာ ထမင်း၊ ခေါက်ဆွဲတွေကို အများကြီး မစားဘဲ ဟင်း ရွက်သုပ်၊ စွပ်ပြုတ်စတာတွေကို များများ စားပေးပါ။ အထူးသဖြင့် အဆင်သင့်အ စာတွေကို ရှောင်ပါ။

(၄) ကဖင်းဓာတ်ပါသော အရည်ကို များများ မသောက်ပါနှင့်

အလုပ်များသူတို့ စိတ်ဖိစီးမှု လျော့ကျစေရန် စားသင့်သည်များ အလုပ်များတာကြောင့် စိတ်ဖိစီးမှုများနေတဲ့အခါ အာဟာရရှိတဲ့ အစား အသောက်ကို ရွေးချယ်စားသောက်မှုမှာလည်း ချို့တဲ့တတ်ပါတယ်။ အစားအသောက်နဲ့ စိတ်ဖိစီးမှုဟာ အပြန်အလှန် ဆက်စပ်မှုရှိနေတယ်လို့ လေ့လာမှုတွေက ဖော်ပြထား တာကြောင့် စိတ်ဖိစီးမှုကင်းစေဖို့ရာအတွက် အာဟာရပြည့်ဝတဲ့ အစားအသောက် တွေကို ရွေးချယ်စားသောက်ဖို့ လိုအပ်ပါတယ်။

(၅) ဆီကြော်စာကို ရှောင်ပါ

ဆီကြော်စာတွေက အစာခြေလမ်းကြောင်းစနစ်ကို မအီ မသာဖြစ်စေပြီး စိတ်ဖိစီးမှုကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးနေချိန်မှာ ဆီကြော်စာ အစား အသားနဲ့ ဟင်းသီးဟင်းရွက်တွေ ထည့်ထားတဲ့ စွပ်ပြုတ်ကို စားပါ။

Good Health
Health

ကြော်ငြာများ