YOYARLAY

အင်တာနက်နှင့် စိတ်ဓာတ် ကျခြင်း

အင်တာနက်နှင့် စိတ်ဓာတ် ကျခြင်းမကြာခဏ အီးမေးလ် စစ်ခြင်း၊ ကွန်ပျူတာ ထဲမှ Applications များကို ပြောင်း လဲခြင်း၊ ဗီဒီယိုများ၊ ဂိမ်းနှင့် Chatting ထိုင်ခြင်းတို့ အလွန်အကျွံ ပြုလုပ်ခြင်းဟာ စိတ်ဓာတ်ကျရောဂါခံစားနေရသူတွေ တွေ့ရလေ့ရှိတဲ့ သိသာတဲ့ လက္ခဏာ ဖြစ်ပါတယ်။ မစ်ဆိုရီသိပ္ပံနှင့် နည်းပညာတက္ကသိုလ်မှ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုကို နယူးယောက်ခ်တိုင်းမ်တွင် ဖော်ပြထားတာကတော့ စိတ်ဓာတ် ကျ ရောဂါခံစားနေရတဲ့ ကျောင်းသားကျောင်းသူတွေမှာ အင်တာနက်အသုံးပြု မှုပုံစံနဲ့ အလေ့အကျင့်ဟာ သာမန်လူတွေနဲ့သိသာစွာ ကွဲပြားနေတယ်လို့ ဆိုပါတယ်။ စိတ်ဓာတ်ကျနေတဲ့သူတွေမှာ အင်တာနက်သုံးစွဲပုံ ထူးခြားပါတယ် ဆိုတာကို သက်သေပြနေတဲ့သုတေသနပြုချက်များစွာ ရှိနေပါတယ်။ လိစ် တက္ကသိုလ်မှ ၂၀၁၀ ပြည့်နှစ်ကပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာလည်း အင်တာနက်အလွန်အကျွံ အသုံးပြုခြင်းနှင့် စိတ်ဓာတ်ကျရောဂါဟာ တွဲလျက် ဖြစ်ပေါ်လေ့ရှိတယ်ဆိုတာကို တွေ့ရှိထားပြီးဖြစ်ပါတယ်။ အင်တာနက်သုံးခြင်း ကြောင့် စိတ်ဓာတ်ကျရောဂါ ခံစားရတာလား၊ စိတ်ဓာတ်ကျရောဂါခံစား ရခြင်းကြောင့် အင်တာနက်သုံးမှုများလာတာလားဆိုတာကိုတော့ မည်သည့် သုတေသနပြုချက်မှ အတည်မပြုရသေးပါဘူး

ဇင်မာမြင့် Ref : Health 24

Health Digest
Health

ကြော်ငြာများ