တေးသီချင်း တစ်ပုဒ် ပေါက်ရင် ဖြင့် လူငယ်ထုရဲ့ ပါးစပ်ဖျား၊ ဒါမှ မဟုတ် အချစ်သီချင်း ချိုချိုလေး တွေဆို ရင်ဖြင့် လူငယ်တွေရဲ့ ဂစ်တာဝိုင်း တွေမှာကြားရလေ့ ရှိပါတယ်။ အဲဒီ လိုအောင်မြင်တဲ့တေးသီချင်းတစ်ပုဒ် ရဲ့ နောက်ကွယ်က ဖန်တီးသူ တေး ရေးဆရာနဲ့ အသက်သွင်းသူ တေး ဆိုတို့ရဲ့ အောင်မြင်မှုအပေါ်ခံစား ချက်လေးတွေကို တေးသီချင်းချိုချို အောင်မြင်မှုချိုချိုဆိုတဲ့ ကဏ္ဍလေး ကနေတင်ဆက်ဖို့စီစဉ်ဖြစ်ခဲ့ပါ တယ်။
8DAYS ရဲ့ တေးချစ်ပရိ သတ်တွေလည်းကြိုက်နှစ်သက် မယ်လို့ ယူဆရင်း တင်ဆက်လိုက် ပါတယ်။ စတင်ရေးဖြစ်ခဲ့ပုံ အဲဒီသီချင်းလေးစတင်ရေးဖြစ် ခဲ့တာက အသက် ၁၉၊ ၂၀ လောက် တုန်းကဖြစ်မယ်ထင်တယ်။ ကျွန် တော်အလုပ်ကိစ္စနဲ့နယ်ကို ခရီးသွား တဲ့အချိန်မှာကောင်မလေးတစ် ယောက်နဲ့တွေ့ခဲ့ပြီး၊ လူငယ် သဘာဝ အီစီကလီတွေဖြစ်ခဲ့ကြ တယ်။ ဒါပေမဲ့ ကျွန်တော်က အ ဝေးပြေးကားနဲ့ပြန်လာပြီး ညနေ ကျရင် ခွဲရတော့မယ်။ နောက်ပြန် တွေ့ချင်ရင် ပြန်တွေ့ပြီး မတွေ့ချင် ရင်မတွေ့တော့ဘူး။ အဲဒီခံစားမှု လေးကိုမမေ့ဘူး။
အဲဒီခံစားမှုလေး ကို ရန်ကုန်ပြန်ရောက်တော့ သီချင်း ချရေးလိုက်တာ ဒီသီချင်းဖြစ်သွား တာပါ။ တကယ့်ခံစားချက်စစ်ပေါ့။ တိတိကျကျပြောရရင် ကရင်မလေး တစ်ယောက်ပေါ့။ ဒီသီချင်းရေးတာ (၆)လ တောင်ကြာခဲ့တယ်... အဲဒီသီချင်းကို သံစဉ်ရှာလာ ပြီးကတည်းက စကားလုံးတိုင်းကို မကြိုက်လို့ ခဏခဏပြန်ထည့်တာ (၆)လလောက်နီးပါးကြာခဲ့တယ်။
Verse ပိုင်းဆိုရင် နေ့တိုင်းမရေး ဖြစ်ခဲ့ဘူး။ တဖြည်းဖြည်းချင်းရေး သားခဲ့ရတာ၊ ကျွန်တော်ရေးခဲ့တဲ့ သီချင်းထဲမှာ ဒီသီချင်းက အကြာ ဆုံးပဲ။ သံစဉ်နဲ့ စာသားပိုင်းကို တော်တော်စဉ်းစားပြီးထည့်ခဲ့ရ တယ်။ “အလှဆုံးမျက်ဝန်းက မိုး တွေရွှဲဦးမလား” ဆိုတာမျိုးသံစဉ် နဲ့စာသားကို ကွက်တိဖြစ်အောင် ရေးခဲ့ရတာ။ ဒီသီချင်းလေးကသံစဉ် အရင်ဆုံးရခဲ့တာ Verse သံစဉ် လေးကိုအရင်ရှာChorus ကိုရှာ ပြီးမှ လိုက်ဖက်မယ့် Pre ပိုဒ်လေးကို ရှာဖြစ်ခဲ့တာ၊ သံစဉ်အားလုံးရပြီးမှ စာသားထည့်ဖြစ်ခဲ့တာပေါ့။
ဒီသီ ချင်းက ခံစားချက် အစစ်လေး ဆိုတော့ သီချင်းပြန်ရေးတဲ့အချိန် မှာ ရင်ထဲရှိတဲ့ ခံစားချက်လေးကို ပြန်ဆွကြည့်တယ်။ ရင်ထဲမှာ မမေ့ နိုင်တဲ့အစိုင်အခဲကြီးဆိုတော့ မမေ့ နိုင်တဲ့ မြင်ကွင်းလေးအစစ်အမှန်၊ နေရာလေးကို ပြန်ရောက်သလိုမျိုး ပြန်ရေးဖြစ်ခဲ့တာပါ။ ကျွန်တော်က သီချင်းတစ်ပုဒ်ရေးတာ့မယ်ဆိုရင် သံစဉ်အရင်ရှာပြီးမှ သံစဉ်က တောင်းဆိုတဲ့စာသားကိုထည့်ဖြစ် တာပါ။ ထွက်လာတဲ့ စာသားကို ကောက်ပြီးဆိုလိုတဲ့ အကြောင်းကို သီချင်းထဲမှာmood ထည့်ပြီးရေး ခဲ့တာ။
ကျွန်တော်က သီချင်းတစ် ပုဒ်ကိုရေးနေတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ သီချင်းက ကျွန်တော့်ကို ရေးနေတဲ့ ပုံစံမျိုး၊ ကျွန်တော်က ကြားခံနေတဲ့ ပုံစံမျိုး၊ ရှိပြီးသားသီချင်းတစ်ပုဒ်ကို ကောက်ဆွဲချတဲ့ပုံစံမျိုး၊ မျောထား ပြီးတစ်သားတည်းဖြစ်အောင်ရေး တာပါ။ နောက်ပြီး ကျွန်တော့်အ တွက် သီချင်းရေးလို့ကောင်းတဲ့အ ချိန်က နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဆောင်း ရာသီ ညပိုင်းလေးတွေရေးဖြစ်ခဲ့ တာပါ။
နေညိုချိန်မှာ ဒီလိုဆိုခဲ့ရ တယ်ေ်ေ်လေ နေညိုချိန် သီချင်းလေးက ကျွန်တော့်ရဲ့ ပထမဦးဆုံး Solo Album ထဲမှာသီဆိုခဲ့တာပါ။ အဲဒီ တုန်းက အဆိုနဲ့ ပတ်သက်ပြီးသိပ် ပြီး မပိုင်နိုင်သေးတော့။moodကို အာရုံစိုက်လိုက်ရင် Pich လေး တွေနည်းနည်းယိုင်သွားတတ်တယ်။ Pich ကို ဂရုစိုက်လိုက်ရင်mood နည်းနည်းလျော့သွားပြန်ရော၊ အဲဒီ နှစ်ခုကြားထဲမှာဗျာများခဲ့ရတယ်။ ဒီသီချင်းနဲ့ ပတ်သက်ပြီး ကျွန်တော် ကာသသိ ပိုင်းမလျော့ချင်တော့ ပေ့(ရှ်) ပိုင်းတွေယိုင်သွားတော့ Studio အခန်းထဲမှာ Studio Enigener ကရေလည်မောင်းခဲ့ တယ်။
မျိုးစုံခဏခဏသွင်းခဲ့တာ ရချင်တော့ သီချင်းအစအဆုံးဆိုတဲ့ အချိန်ကျမှ တစ်ခါတည်းရသွားခဲ့တယ်။ နှစ်ချက်လုံးအဆင်ပြေသွား ခဲ့တာပေါ့။ အခက်ဆုံးနေရာတွေက အိုဗာလက်အပိုင်းတွေ၊Hi Pich တွေကိုအော်နိုင်တယ်ထင်လို့ အော် ခိုင်းတာ၊Notes ရောက်အောင် မိုက်နားထိရောက်အောင် အော်ခဲ့ရ တာတွေရှိတယ်။
အကြိုက်ဆုံး စာသားဆိုရင် “ဆုံစည်းခွင့်ခဏ လေးသာ အတိတ်မှာအိပ်မောကျ နေ”ဆိုတဲ့ အပိုင်းလေး၊ လူမသိ သူမသိအဖြစ်အပျက်လေးက အ တိတ်မှာပဲ အိပ်မောကျသွားခဲ့ တာမျိုးပေါ့။ အဲဒီစာသားလေးကို အကြိုက်ဆုံးပါပဲ။ အနုပညာဝမ်းစာဖြည့်ခဲ့ရတာတွေဆိုရင် အဆိုပိုင်းနဲ့ ယခုလတ် တလောလေ့ကျင့်ဖြစ်တာက You Tube ကနေ download ဆွဲ ထားတဲ့ Vocal Lesson တွေရှိ တယ်။
အဲဒါတွေကို အမြဲတမ်းလေ့ ကျင့်ဖြစ်သလို၊Recordingရှိတဲ့ နေ့ဆိုရင် ညပိုင်းကျရင် စောစော အိပ်ပြီး၊ မနက်စောစောထပြီး၊ ညနေပိုင်းလောက်မှာလေ့ကျင့်ခန်း လုပ်ပြီး လုံးဝသီချင်းမဆိုတော့ဘဲ နားလိုက်တာညပိုင်းကျမှ အသံ သွင်းဖြစ်တာများပါတယ်။ နေညိုချိန်မှာ ကာရာအိုကေ ဟဲလို့ရပါပြီ နေညိုချိန်က . . ပရိသတ် တော်တော်များများက ရင်ဘတ်ထဲ က အိပ်မက်ဟောင်း စီးရီးထဲမှာ တော်တော်များများကြိုက်ခဲ့ပေမယ့် ဗွီစီဒီမထွက်ခဲ့ဘူး။ ဒါပေမဲ့ နာရီ လက်တံထဲမှာ အရုပ်ရောအသံပါ။ ထွက်ရှိခဲ့တော့ Bonus အနေနဲ့ ထွက်ရှိလာပြီး၊ ကာရာအိုကေဆိုချင် တဲ့သူတွေအတွက် အဆင်ပြေသွား တာပေါ့။