နာမည်ကျော် ရော့ခ်တီးဝိုင်း တစ်ဝိုင်းဖြစ်သည့် အိုင်းရင်းခရော့စ် တီးဝိုင်း
သည် ဇူလိုင်လလယ်အတွင်း လန်ဒန်မြို့၌ ဒုတိယအကြိမ်ဖျော်ဖြေမည်ဖြစ်ကြောင်း အိုင်စီအဖွဲ့ဝင်တစ်ဦးဖြစ်သည့်ချစ်စမ်းမောင်ကပြော သည်။
" ပထမ တစ်ခေါက်တုန်းက ကိုလေးဖြူမပါဘူး။ ၂၀ဝ၈ကပေါ့။ ဒီတစ်ခေါက်တော့ ကိုလေးဖြူပါ တယ်။ အငဲ၊ ဝိုင်ဝိုင်း၊ မျိုးကြီးပါမယ်။ အရင်တစ်ခေါက်တုန်းက ကြော်ငြာအားလည်း သိပ်မလုပ်လိုက်ဘူး။ အွန်လိုင်းလည်း မတင်ဖြစ်တော့ လူသိပ်မသိလိုက်ဘူး။ ပွဲအနေနဲ့သိပ်ရုပ်ပျက်ဆင်းပျက်မဖြစ်လိုက်ပေမယ့် လူဝင်နည်းသွားတယ်"ဟု ချစ်စမ်းမောင်ကပြောသည်။
ဖျော်ဖြေပွဲကို ဇူလိုင် ၁၄ ရက်နေ့တွင် လန်ဒန်မြို့လယ်ရှိ ဇာတ်ရုံ၌ ကျင်းပမည်ဖြစ်ပြီး စင်ကာပူနိုင်ငံ မှ Chin Hill Collection, Mrs Rose တို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်သည်။ " အိုင်စီကိုအရမ်းကြိုက်ခဲ့တာ။ ဒီတစ်ခေါက်တော့ သူတို့ရဲ့ ရှိုးပွဲကို တကယ်ကြည့်ခွင့်ကြုံပြီ။ အရင်တစ်ခေါက်တုန်းက ကြော်ငြာထား တာတွေ့ပေမယ့် တကယ်လာမယ်မထင်လို့ သွားမကြည့်ဖြစ်လိုက်ဘူး"ဟု လန်ဒန်ရောက် မြန်မာတစ်ဦး ကပြောသည်။ အိုင်စီတီးဝိုင်းသည် လန်ဒန် မြို့တွင် ဖျော်ဖြေပြီးပါက ဇူလိုင်လအတွင်းတွင်ပင် အမေရိကန်သို့ ဖျော် ဖြေရေးခရီးထပ်မံသွားရောက်မည်ဟုသိရသည်။