၈၈ ကျောင်းသား ခေါင်းဆောင် ကိုမြအေး၏ 'မိုးကောင်းကင်၌ တိမ်တိုက် များ' စာအုပ်ကို ဗီဒီယိုဇာတ်ကားရိုက်ကားရန် ၀ယ်ယူလိုက်ပြီဖြစ်ကြောင်း ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောသည်။
ဝတ္ထုဝယ်ယူခဲ့ခြင်းနှင့် ပတ်သက်ပြီး ဒါရိုက်တာကြည်ဖြူသျှင်က "ဒီစာအုပ်ကို ကိုမြအေးက ဖတ်ကြည့်ပေးပါဆိုပြီး ကျွန်မကို ပေးလိုက်တော့ ဖတ်ကြည့်ပြီးတဲ့နောက်မှာ တော်တော်လေးသဘောကျသွားတယ်။ ဖတ်ပြီးတာနဲ့ ကိုမြအေးဆီ လှမ်းဖုန်းဆက်တယ်။ ကျွန်မ ဒီစာအုပ်ကို ၀ယ်တော့မယ်။ ဇာတ်ကားရိုက်တော့မယ်ဆိုပြီး ချက်ချင်းဝယ်လိုက်တယ်"ဟု ဆိုသည်။
ကိုမြအေး၏ ၀တ္ထုကို ဗီဒီယိုဇာတ်ကားအဖြစ် ရိုက်ကူးရန် ဒါရိုက်တာကြည်ဖြူသျှင်က ငွေကျပ်လေးသိန်းဖြင့် ၀ယ်ယူခဲ့ကြောင်း ကိုမြအေးကပြောသည်။ ကိုမြအေး၏ ၀တ္ထုစာအုပ်ကို ယခုလသြဂုတ် ၄ ရက်တွင် အင်းလျားစာပေက ဖြန့်ချိခဲ့သည်။ ဇူလိုင်လက ဖြန့်ချိခဲ့သော ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ "နောက်ကြည့်မှန်" ၀တ္ထုကိုလည်း ဒါရိုက်တာဝင်းထွန်းထွန်းက ဗီဒီယိုဇာတ်ကားရိုက်ကားရန် ၀ယ်ယူခဲ့သည်။