Home Style
အိမ်မှာ နေရင် ဂါဝန်လေးတွေ ဝတ်ဖြစ်တာ များတယ်။ ဘောင်းဘီ တိုနှဲ့Sport -shirt လို ပုံစံမျိုးလည်း ဝတ်ဖြစ်တယ်။ ပေါ့ပေါ့ပါးပါးလေး တွေပေါ့။
Party Style
Party Style ဆိုရင် သွားမယ့် ပွဲနဲ့ဆိုင်တာပေါ့။ ပွဲကြီးတွေဆိုရင် တော့ evening dress အရှည်ကြီး တွေဝတ်ဖြစ်တယ်။ လူငယ်တွေနဲ့ ပေါ့ပေါ့ပါးပါး Private Party မျိုး ဆိုရင်တော့Short dress လေးတွေ၊ ကိုယ်ကျပ်လေးတွေဝတ် ဖြစ်တာများတယ်။
Shopping Style
Shopping သွားရင်တော့ ပုံမှန်ကြီးတော့ ဝတ်ဖြစ်တဲ့Style ဆိုရယ်မရှိပါဘူး။ တစ်ခါတလေကျရင် ဂါဝန်ဝတ်တယ်။ တစ်ခါ တလေကျရင် ဘောင်းဘီဝတ် တယ်။ Shopping ဆိုရင်ထသွား ထလာအဆင်ပြေတာမျိုးပဲ ဝတ် ဖြစ်တယ်။ သီးသန့်ကြီးဝတ်ဖြစ် တာမျိုးမရှိပါဘူး။ ဈေးပတ်လို့ ကောင်းမယ့်ပုံစံမျိုးပဲ ဝတ်ဖြစ် ပါတယ်။
Traditional Style
မြန်မာဝတ်စုံဝတ်ရတာ သဘောကျပါတယ်။ Shooting သွားရင်တော့တောင်ဝတ်ဖြစ်ပါတယ်။ ဘုရားသွားတာပဲဖြစ်ဖြစ် မကြာ ခဏ မြန်မာဝတ်စုံဝတ်ဖြစ်တယ်။
PerFumes
ရေမွှေးကိုကြိုက်တယ်။ အခု လောလောဆယ် ရေမွှေး ၄ မျိုး လောက်သုံးဖြစ်နေတယ်။ အရမ်းကြီးစူးရှရှအနံ့မျိုးမကြိုက်ဘူး။ ကိုယ် ဆွတ်လိုက်ရင် အနံ့လေးက Classic လည်းဖြစ်ရမယ်။ ကိုယ့်အနံ့ ကြောင့် သူများစိတ်ချမ်းသာမယ့် အနံ့မျိုးပဲ ဆွတ်ဖြစ်ပါတယ်။
င်္Favourite item
အခုလတ်တလော အကြိုက် ဆုံးပစ္စည်းဆိုရင် အခုကိုင်နေတဲ့ ဖုန်းပေါ့။
The Most I Buy
အပြင်သွားရင် အများဆုံး ဝယ်ဖြစ်တာ အဝတ်အစားရယ်၊ ပြီးတော့ ဖုန်းနဲ့ ပတ်သက်တဲ့ Accessories လေးတွေဝယ်ဖြစ်တယ်။
The item I Colleet
စုဖြစ်တာအများစုကတော့ အဝတ်အစားပါပဲ။